Connect with us

Hi, what are you looking for?

သတင်း

သီ​ပေါမြို့တွင် တိုက်ပွဲများပြင်းထန်ပြီး ​ ဒေသခံပြည်သူများ စစ်​ဘေးတိမ်း​ရှောင်

သီပေါမြို့တွင် ယမန်နေ့(ဩဂုတ်လ ၁၁ရက်)ညပိုင်းအထိတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ယနေ့နံနက်ပိုင်း အခြေအနေတည်ငြိမ်နေပြီး မြို့ခံအများအပြားသည် ကျောက်မဲမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်​နေကြကြောင်းသတင်းရရှိသည်။

သီ​ပေါမြို့ရှိ စစ်တပ်စခန်းများကို TNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ဓါတ်ပုံ-TNLA

မိထက်/People’s Spring

သီပေါမြို့တွင် ယမန်နေ့(ဩဂုတ်လ ၁၁ရက်)ညပိုင်းအထိတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ယနေ့နံနက်ပိုင်း အခြေအနေတည်ငြိမ်နေပြီး မြို့ခံအများအပြားသည် ကျောက်မဲမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်​နေကြကြောင်းသတင်းရရှိသည်။

“စစ်တပ်က ညကအထိ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ မြို့ဘေးနားရွာတွေကိုကြဲတာပါ။ သီပေါမြို့ခံမဟုတ်တဲ့ အိမ်ငှားနေသူတချို့ သေဆုံးတာ ရှိပါတယ်။ သုံးဦးလို့ သိရပါတယ်” ဟု စစ်ဘေးတိမ်းရှောင်နေသည့်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးသည် သီပေါမြို့၊ မြို့လယ်ရပ်ရှိ အိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်၃ဦးသေဆုံးခဲ့ခြင်းဟုဆိုသည်။

သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို ဩဂုတ်လ၁၀ရက် နံနက်အစောပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များကထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းခဲ့သည်။၇နာရီခန့်ကြာ ညှိနှိုင်းသော်လည်း အဆင်မပြေဘဲ သြဂုတ်တ် ၁၁ ရက် ည ၇နာရီခန့်တွင် တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။မြို့၏ ​နေရာအများစုကို ​တော်လှန်​ရေးတပ်များက ထိန်းချုပ်ထား​ကြောင်းသိရသည်။

ဩဂုတ်လ ၁၀ရက်က တိုက်ပွဲတွင် သီပေါထောင်ပွင့်သွားပြီးနိုင်ငံအကျဉ်းသား ၂၉ဦးအပါအဝင် အကျဉ်းသား ၁၀၉ ဦးကို ​တော်လှန်​ရေးတပ်များက ကယ်ထုတ်ခဲ့သည်။တိုက်ပွဲပြင်းထန်‌ နေစဉ် အကျဉ်းသားများသည် ကိုယ်နည်းကိုယ်ဟန်ဖြင့်ထောင်ဖောက်ထွက်ပြေးလာခြင်းဖြစ်​ကြောင်းသိရသည်။

သီပေါတိုက်ပွဲသည် သုံးရက်ကြာလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း ဒေသခံအချို့ သေဆုံးကြောင်းသတင်းရရှိသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook