သတင်း လက်ထုတ္တောရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ဒဏ်ရာရထားသူ အဘွားအိုတစ်ဦး ထပ်မံသေဆုံး စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့သည်။ လက်ရှိ လက်ထုတ္တောရွာတစ်ရွာလုံး နေရပ်ပြန်မနေရဲကြတော့ဘဲ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 13, 2024
သတင်း ဒေါနတောင်ပေါ်၌ ရှေ့မတိုးနိုင်ဘဲ တစ်လကျော်ကြာရပ်တန့်နေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သားအချို့ ရက္ခိုင်တိုက်ပွဲသို့စစ်ကူခွဲပို့ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။ LuduNwayOoမေ 13, 2024
သတင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၍ ရှောင်ကျဥ်ရန်များကိုဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့အကြံပြု အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။ LuduNwayOoမေ 13, 2024
သတင်း နောင်ရင်းရွာသူကြီးကို PNO ပြည်သူ့စစ်က သတ်ဖြတ်ပြီး မိသားစုပိုင်ကုန်ကားကို ထပ်မံ သိမ်းဆည်း PNO ပြည်သူ့စစ်သည် စစ်ရှောင်များအား တက်ကြွစွာအကူအညီပေးနေသည့် ခွန်ဇာခွန်ကို အညိုးအတေးဖြင့် လိမ်ညာခေါ်ယူသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရာ၌လည်း နှိပ်စက်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားထားသည်။ LuduNwayOoမေ 13, 2024
သတင်း ရေဦးမြို့တွင် စစ်မှုထမ်းရန်ဖမ်းဆီးခံရသူများအနက် ၁၁ဦး ထွက်ပြေးလွတ်မြောက်လာ ဖမ်းဆီးခံထားရသူများတွင် အသက်ငယ်ရွယ်သူများအပြင် အသက် (၄၀)ကျော်နှင့် အိမ်ထောင်သည်အမျိုးသားများပါ ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။ LuduNwayOoမေ 13, 2024
သတင်း အောင်ဇေယျစစ်ကြောင်း တပ်မ(၅၅)လက်အောက်ခံတပ်မှ တပ်သားနှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ LuduNwayOoမေ 13, 2024
သတင်း ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သားနှစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။ LuduNwayOoမေ 12, 2024
သတင်း လက်ထုတ္တောကျေးရွာပြည်သူ ၃၀ကျော် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းနှင့် ပျူစောထီးများ ကျူးလွန်ခဲ့ခြင်းဟု NUG ထုတ်ပြန် စစ်အုပ်စုဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်ကို ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ LuduNwayOoမေ 12, 2024
သတင်း ဘုရားသုံးဆူမှာ တိုက်ပွဲဖြစ်လို့ ထိုင်းပိုင်နက်ထဲ စစ်ရှောင် ၁၀၀ ကျော်ထွက်ပြေးခိုလှုံခဲ့ရ မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ရွာသားတချို့က အရဲစွန့်ပြီး နေရပ် ပြန်ကြပေမယ့် လူ ၄၀ ကျော်လောက်ကတော့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထိုင်းပိုင်နက်ဖက်မှာပဲ ဆက်လက် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။ LuduNwayOoမေ 12, 2024
သတင်း ဆုံရွာပျူစခန်းသိမ်းတိုက်ပွဲပြန် ရဲဘော်များအား ကြိုဆိုခဲ့သည့် ဒေသခံများကို စစ်အုပ်စုခြိမ်းခြောက်နေ ဆုံရွာပျူစောထီးစခန်းကို Myingyan Black Tiger အဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၉ရက်နံနက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်။ LuduNwayOoမေ 12, 2024