Connect with us

Hi, what are you looking for?

သတင်း

ဆုံရွာပျူစခန်းသိမ်းတိုက်ပွဲပြန် ရဲဘော်များအား ကြိုဆိုခဲ့သည့် ဒေသခံများကို စစ်အုပ်စုခြိမ်းခြောက်နေ

ဆုံရွာပျူစောထီးစခန်းကို Myingyan Black Tiger အဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၉ရက်နံနက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်။

(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myingyan Black Tiger)
(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myingyan Black Tiger)

ယောနသံ/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲအပြန် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ကြိုဆိုခဲ့ကြသည့် ဒေသခံမျာ၏ အမည်စာရင်းများနှင့်အတူ စစ်အုပ်စုဘက်ကဖော်ပြပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေသည်။

ဆုံရွာပျူစောထီးစခန်းကို Myingyan Black Tiger အဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၉ရက်နံနက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်။

(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myingyan Black Tiger)
(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Myingyan Black Tiger)

တိုက်ပွဲမှပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည့် ရုပ်သံမှတ်တမ်းကို Myingyan Black Tiger အဖွဲ့က လူမှုကွန်ရက်၌တင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရုပ်သံတွင်ပါဝင်သူများအနက် အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း ၃၀ ဦး၏ အမည်စာရင်းနှင့် ဓာတ်ပုံအချို့ကို စစ်အုပ်စု တယ်လီဂရမ် ချန်နယ် များတွင် ဖော်ပြထားပြီး ခြိမ်းခြောက်နေခြင်းဖြစ်သည်။

” ခြိမ်းခြောက်နေတာ တွေ့တယ်။ လုံခြုံရေးအတွက်တော့ စိတ်ပူစရာကောင်းတယ်။ အန္တရာယ်ကင်းအောင် သတိဝိရိယနဲ့နေကြရမှာပေါ့”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များ​၏ ပစ်ခတ်မှုကြောင့် ကလေးငယ်အချို့ အပါအဝင် ၃၂ဦး သေဆုံးကြောင်း စစ်ကောင်စီက သတင်းအမှားဖြန့် ထုတ်ပြန်ထားသည်။

လက်နက်ချအညံ့ခံခြင်းမရှိသော ပျူစောထီးငါးဦးကိုသာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲနေရာသို့ ဆုံရွာနှင့် သုံးမိုင် ခန့်အကွာရှိ ဧရာဝတီမြစ်ဆိပ်ကမ်း ဆီမြီးခုံလှေဆိပ်မှ စစ်ကောင်စီစစ်သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားများ သေဆုံးခဲ့ခြင်းဟု Myingyan Black Tigerအဖွဲ့ ခေါင်းဆောင် ဗိုလ် မိုက်ခဲက ပြောထားသည်။

(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myingyan Black Tiger)
(ဆုံရွာပျူစောထီးစခန်းတိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Myingyan Black Tiger)

People’s Spring က မေးမြန်းခဲ့သည့် မြင်းခြံမြို့ခံ ငါးဦးကလည်း ဆုံရွာမှအရပ်သားများသေဆုံးမှုမှာ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ဖြေဆိုသည်။

ဆုံရွာသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှစ၍ မန္တလေးမြို့မှ မဘသဘုန်းကြီးတစ်ပါးက ဦးဆောင်ကာ ဒေသခံများအား ပြည်ခိုင်ဖြိုးပါတီဝင်များအဖြစ် စာရင်းသွင်းခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD ပါတီ ရှုံးနိမ့်ခဲ့သည့် ရွာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပျူစောထီးရွာဖြစ်သွားခြင်းဟု မြင်းခြံမြို့ခံများက ပြောသည်။

“ရွာမှာ NLD ပါတီဝင်တွေရှိတယ်။ ပြေးရတဲ့သူကပြီး၊ အဖမ်းခံရတဲ့သူကအဖမ်းခံရ၊ အသတ်ခံရတာတွေလည်းရှိတယ်။ မဘသရွာ၊ ပျုစောထီးရွာဖြစ်သွားတာ။ အခုလို စစ်တပ်က ပစ်လို့သေဆုံးရတဲ့အခါ သူတို့ဘာမှပြန်မတုံ့ပြန်ရဲကြဘူး”ဟုမြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။