Connect with us

Hi, what are you looking for?

သတင်း

နောင်ရင်းရွာသူကြီးကို PNO ပြည်သူ့စစ်က သတ်ဖြတ်ပြီး မိသားစုပိုင်ကုန်ကားကို ထပ်မံ သိမ်းဆည်း

PNO ပြည်သူ့စစ်သည် စစ်ရှောင်များအား တက်ကြွစွာအကူအညီပေးနေသည့် ခွန်ဇာခွန်ကို အညိုးအတေးဖြင့် လိမ်ညာခေါ်ယူသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရာ၌လည်း နှိပ်စက်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားထားသည်။

(PNOပြည်သူ့စစ်အဖွဲ့ ၏ သတ်ဖြတ်မှုခံရသည့် ပအိုဝ်းညီအကိုနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(PNOပြည်သူ့စစ်အဖွဲ့ ၏ သတ်ဖြတ်မှုခံရသည့် ပအိုဝ်းညီအကိုနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

မောင်မောင်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ရင်းရွာသူကြီး ခွန်ဇာခွန်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက ခွန်ဇာခွန်၏ မိသားစုပိုင်ကုန်တင်ကားကို ထပ်မံ သိမ်းဆည်းသွားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးလယ်အဖွဲ့က မေလ ၉ရက်တွင် နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူခွန်ဇာခွန်နှင့် ခွန်ဇာခွန်၏ ညီဖြစ်သူ ခွန်ပလွန်ကို သတ်ဖြတ်ခဲ့ပြီး နှစ်ရက် အကြာ မေလ ၁၁ရက်တွင် ကုန်တင်ကားကို ထပ်မံ လာရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ခွန်ဇာခွန်၏ကားကို လာရောက်သိမ်းယူသည့်အချိန်တွင် အရက်သေစာသောက်စားမူးရူးထားကြပြီး အမျိုးသမီးများသာ ကျန်ရှိသည့် နေအိမ်ပေါ်သို့ တက်ရောက်ကာ ခွန်ဇာခွန်၏ မိသားစုဝင်များကို ဆဲဆိုခြိမ်းခြောက်ပြီး ကားကိုသိမ်းယူသွားကြခြင်းဖြစ်သည်ဟု PNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(PNOပြည်သူ့စစ်အဖွဲ့ ၏ သတ်ဖြတ်မှုခံရသည့် ပအိုဝ်းညီအကိုနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(PNOပြည်သူ့စစ်အဖွဲ့ ၏ သတ်ဖြတ်မှုခံရသည့် ပအိုဝ်းညီအကိုနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ရွာလူကြီးခွန်ဇာခွန်သည် ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ကားကို သိမ်းယူသွားခြင်းဖြစ်ကြောင်း၊ ခွန်ဇာခွန်သည် PNLO/PNLA အဖွဲ့ ဝင်မဟုတ်သကဲ့သို့ ပတ်သက်မှုလည်းမရှိကြောင်း PNLAက ရှင်းလင်းထားသည်။

PNO ပြည်သူ့စစ်သည် စစ်ရှောင်များအား တက်ကြွစွာအကူအညီပေးနေသည့် ခွန်ဇာခွန်ကို အညိုးအတေးဖြင့် လိမ်ညာခေါ်ယူသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရာ၌လည်း နှိပ်စက်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားထားသည်။

ရွာလူကြီး ခွန်ဇာခွန်သည် နောင်ရင်းကျေးရွာပြည်သူများအားကိုးအားထားပြုရသည့် လူငယ်တစ်ဦးဖြစ်ခြင်းကြောင့် နောင်ရင်းကျေးရွာပြည်သူများက ရွာသူကြီးအဖြစ် တင်မြောက်ထားသည့် ပြည်သူတစ်ဦးသာဖြစ်ကြောင်း၊ ခွန်ဇာခွန် သည် ရပ်ရွာအတွင်း လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိစေရေး ၊ ရပ်ရွာတိုးတက်ရေး၊ စစ်ဘေးရှောင်များအား အကူအညီပေးရေးတို့ကို ဦးဆောင်နေသည့် ကျေးရွာခေါင်းဆောင် ရွာသူကြီးတစ်ဦးသာဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

ပအိုဝ်းဒေသတွင် ကျေးရွာသူကြီးများကို ဒီမိုကရေစီနည်းကျကျ ရွာသူရွာသားများက ဆန္ဒမဲပေးကာ ရွေးချယ်သည့်စနစ်ဖြင့် တင်မြောက်ကြရသည်ဖြစ်ရာ ရွာသူကြီးကို သတ်ဖြတ်ခြင်းသည် ပြည်သူလူထု၏ မဲဆန္ဒကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မစော်ကားသည့် အာဏာရှင်လုပ်ရပ်များပင်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။