Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သားနှစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ

စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။

(ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများရှိခဲ့သည်ဟု KNU သထုံခရိုင်အတွင်ရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

မေလ ၁၁ရက် နံနက်အစောတွင် ကျုံအိတ် တံတား မိုင်းခွဲခံရပြီး တံတားပျက်စီးခဲ့သည်။

ထို့နောက် နံနက် ၆နာရီ ၄၀မိနစ်ခန့်တွင် ဘီးလင်းမြို့နယ် ဇီးဝန်းရွာအနောက်ဘက် ကဇိုင်းနေရာရှိ စစ်ကောင်စီ၏ အမှတ်(၃၁၄) အမြောက်တပ်ရင်းမှ ကျေးရွာကိုပစ်မှတ်ထား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။

ထို့ပြင် (၄)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးငယ် နှစ်ဦး၊ သက်ကြီးရွယ်အို တစ်ဦး အပါ၀အင် လေးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

“အရပ်သားပြည်သူလူထုများ၏ ဘဝလုံခြုံမှု အသက်၊အိုးအိမ်၊စည်းစိမ်များကို အဖွဲ့အစည်းတိုင်း ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိ သည်။စကစ၏လုပ်ရပ်သည် အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျေးရွာများသို့ လက်နက်ကြီးများလှမ်းပစ်နေမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်နေသည်ဟုပြောလိုပါတယ်”ဟု ပဒိုစောအေးနိုင်က ပြောသည်။

စစ်ကောင်စီသည် KNU နယ်မြေရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုပ်လုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ကျုံအိတ်တံတားသည် စစ်ကောင်စီတပ်၏ ကရင်၊ မွန်၊ တနင်္သာရီ ဒေသများသို့ စစ်ရေးအရ အရေးပါသည့် ထောက်ပံ့လမ်းကြောင်းမှ တံတားဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဇွန်လတွင် တစ်ကြိမ်၊ ယခုနှစ် မေလတွင် တစ် ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ရာ ဒုတိယအကြိမ်တွင် တံတား လုံး၀ပျက်စီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်