Connect with us

Hi, what are you looking for?

သတင်း

လက်ထုတ္တောရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ဒဏ်ရာရထားသူ အဘွားအိုတစ်ဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့သည်။ လက်ရှိ လက်ထုတ္တောရွာတစ်ရွာလုံး နေရပ်ပြန်မနေရဲကြတော့ဘဲ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃၂ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃၂ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

▪️စုစုပေါင်း သေဆုံးသူ ၃၃ဦးအထိရှိလာ

အောင်​ဇေယျ /People’s Spring

မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာ၌ ဒေသခံပြည်သူများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ဒဏ်ရာရထားသူများအနက် အဘွားအိုတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၂ဦးကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်သွားခဲ့သည်။

ထိခိုက်ဒဏ်ရာရသည့် ပြည်သူ ၁၇ ဦးထက် မနည်းရှိခဲ့ရာ ၎င်းတို့အနက် အသက်(၈၀)ကျော် အဘွားအိုတစ်ဦးသည် ယမန်နေ့ (မေလ ၁၂ ရက်)က ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးရှပ်(မီးအပူဟပ်)ပြီး ဆုံးတာ။ ဆေးကုသပေးခဲ့ပေမယ့် မရလိုက်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့သည်။ လက်ရှိ လက်ထုတ္တောရွာတစ်ရွာလုံး နေရပ်ပြန်မနေရဲကြတော့ဘဲ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ ပြည်သူ ၃၀ကျော် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် ပျူစောထီးများက ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုအား စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် (၃၃)၏ အမှတ် (၁၃)ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်သော ပူးပေါင်းတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အသိပေးသည်။

စစ်ကောင်စီသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် လျက်ရှိပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ ထိုသို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာကျူးလွန်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook