သတင်း ကလေးမှ ဖလမ်းမြို့သို့လာသည့် စစ်ယာဉ်တန်း CNDF တိုက်ခိုက်၊ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။ LuduNwayOoမတ် 21, 2023
သတင်း မြန်မာတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇ သန်းကျော်ရှိလာဟု UNOCHA အသိပေး တိမ်းရှောင်သူ အများဆုံးမှာ နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်ပြီး အနောက်မြောက်ပိုင်းတွင် ၉၄၃၁၀၀ဦး ၊ အရှေ့တောင်ပိုင်းတွင်၄၀၉၄၀၀ဦးရှိသည်ဟုဆိုသည်။ LuduNwayOoမတ် 21, 2023
သတင်း မြိုင်နယ်ရှိ ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့များနှစ်ရက်ဆက် တိုက်ခိုက် စစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် ကိုအောင်ကြီး လက်နက်ကြီးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခန့်တွင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 21, 2023
သတင်း မြန်မာစစ်တပ်က နိုင်ငံကိုအကျပ်အတည်းအတွင်း ကျဆင်းစေဟု ဗြိတိန်ဝန်ကြီးပြော ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 21, 2023
သတင်း PDF စစ်ကြောင်း (၉)ခုမှ ရဲဘော်များအားပို့ချခဲ့သည့် လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်း ဆင်းပွဲပြုလုပ် နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoမတ် 21, 2023
သတင်း ပုလဲမြို့နယ်ရှိ ပျူစခန်း ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoမတ် 21, 2023
သတင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် FDC ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။ LuduNwayOoမတ် 21, 2023
သတင်း ၂ပတ်တာကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်းကျော်မြင့်တက် အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။ LuduNwayOoမတ် 21, 2023
သတင်း “ညနေခင်းသတင်း” ဒီနေ့ (မတ်လ ၂၁ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoမတ် 21, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရ စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။ LuduNwayOoမတ် 21, 2023