Connect with us

Hi, what are you looking for?

သတင်း

၂ပတ်တာကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်းကျော်မြင့်တက်

အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေကိုတွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းလို့ နိုင်ငံတဝှမ်း ပဋိပက္ခတွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိ မတ်လအတွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်း ကျော်ရှိလာ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရဲ့စာရင်းအရသိရပါတယ်။

အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။

Public Service Announcement
Public Service Announcement

အဲဒီအရေအတွက်ကနေ မတ်လ ၁၃ ရက် အရောက်မှာ တစ်သိန်းကျော် ထပ်တိုးလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁၄ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူအများစုဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ် နဲ့ချင်းပြည်နယ်တို့ရှိရာ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ရှောင်ပြည်သူများရှိရာ တောတိုက်များသို့ ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က လူထုနွေဦးသို့ ပြောသည်။