Connect with us

Hi, what are you looking for?

သတင်း

မြန်မာတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇ သန်းကျော်ရှိလာဟု UNOCHA အသိပေး

တိမ်းရှောင်သူ အများဆုံးမှာ နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်ပြီး အ​နောက်​မြောက်ပိုင်းတွင် ၉၄၃၁၀၀ဦး ၊ အ​ရှေ့​တောင်ပိုင်းတွင်၄၀၉၄၀၀ဦးရှိသည်ဟုဆိုသည်။

(စစ်​ဘေး​ရှောင်ပြည်သူအများဆုံးဖြစ်​သောစစ်ကိုင်းတိုင်းမှပြည်သူများ စစ်တပ်စစ်​ကြောင်းထိုး၍ ထွက်​ပြေး​နေကြရစဥ်။ဓါတ်ပုံ-ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)
(စစ်​ဘေး​ရှောင်ပြည်သူအများဆုံးဖြစ်​သောစစ်ကိုင်းတိုင်းမှပြည်သူများ စစ်တပ်စစ်​ကြောင်းထိုး၍ ထွက်​ပြေး​နေကြရစဥ်။ဓါတ်ပုံ-ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)

▪︎စစ်အုပ်စုအာဏာသိမ်းပြီးမှထွက်​ပြေးတိမ်း​ရှောင်​နေရသူ ၁ ဒသမ ၄ သန်းနီးပါရှိဟုဆို

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ဒသမ ၇သန်းကျော်( ၁၇သိန်းကျော်) ရှိသည့်အနက် တိမ်းရှောင်ရသူဦးရေ ၁ ဒသမ ၄ သန်းနီးပါးသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်းတိမ်းရှောင်ရသူများဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-မြန်မာ(UN OCHA – Myanmar) ကယနေ့ ထုတ်ပြန်သည်။

တိမ်းရှောင်သူ အများဆုံးမှာ နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်ပြီး အ​နောက်​မြောက်ပိုင်းတွင် ၉၄၃၁၀၀ဦး ၊ အ​ရှေ့​တောင်ပိုင်းတွင်၄၀၉၄၀၀ဦးရှိသည်ဟုဆိုသည်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းက မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့၍ နေရပ်စွန့်ခွာရသူများ၊ အရပ်သားထိခိုက်သေဆုံးမှုများနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ဘေး​ရှောင်ပြည်သူအများဆုံးဖြစ်​သောစစ်ကိုင်းတိုင်းမှပြည်သူများ စစ်တပ်စစ်​ကြောင်းထိုး၍ ထွက်​ပြေး​နေကြရစဥ်။ဓါတ်ပုံ-ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)
(စစ်​ဘေး​ရှောင်ပြည်သူအများဆုံးဖြစ်​သောစစ်ကိုင်းတိုင်းမှပြည်သူများ စစ်တပ်စစ်​ကြောင်းထိုး၍ ထွက်​ပြေး​နေကြရစဥ်။ဓါတ်ပုံ-ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)

UNOCHA ၊ UNHCR စ​သော ကုလ လက်​အောက်ခံအဖွဲ့အစည်းများသည် တိုက်ပွဲများနှင့် မလုံခြုံမှု​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောမြန်မာ ပြည်သူ အ​ရေအတွက်ကို ၂၀၂၂ ​အောက်တိုဘလကုန်ပိုင်းအထိသာ တိုင်းနှင့်ပြည်နယ်အလိုက်ထုတ်ပြန်ပြီး ထို​နောက်ပိုင်း အ​သေးစိတ်မထုတ်ပြန်​တော့ဘဲ စုစု​ပေါင်းအ​ရေအတွက်သာထုတ်ပြန်သည်။ တိုင်းနှင့် ပြည်နယ်အလိုက်ထုတ်ပြန်ရာတွင်လည်း ​မြေပြင်တွင် စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​သောအဖွဲ့အစည်းများကစာရင်းထက်၎င်းတို့စာရင်းမှာ များစွာ​လျော့နည်း​နေ​​ကြောင်း​မြေပြင်တွင် အကူအညီ​ပေး​နေ​သောအဖွဲ့အစည်းများက​ပြောသည်။ဥပမာအားဖြင့် ကရင်နီ ပြည်နယ်တွင် ၂၀၂၂ နှစ်ကုန်ပိုင်း၌ စစ်​ဘေး​ရှောင်ပြည်သူ နှစ်သိန်းဝန်းကျင်ရှိ​ကြောင်း​မြေပြင်တွင် အကူအညီ​ပေး​နေ​သော အဖွဲ့ အစည်းများက ​ပြော​သော်လည်း UNOCHA ၏ စာရင်းတွင် တစ်သိန်း​ပင်မပြည့်ဟု​ဖော်ပြထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတစ်ဝန်း၌ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ချင်းဒေသများ၊ စစ်ကိုင်း နှင့် မကွေးဒေသများ၌ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး ဒေသခံပြည်သူများ နေထိုင်ရာသို့ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ထို့ပြင် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အိမ်ခြေ ၆၀၀၀၀(ခြောက်သောင်း)ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmarက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူလူထု သေဆုံးထိခိုက်မြင့်တက်လျက်ရှိကြောင်း၊ ထို့ပြင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ စစ်ကောင်စီက ဆက်လက်ကျူးလွန်လျက်ရှိကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မတ်-၁၀၊၂၀၂၆။မိုမို/People’s Spring မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။...

သတင်း

ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် မေလနှောင်းပိုင်းကစ၍ တိုက်ပွဲများပိုပြင်းထန်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။

သတင်း

ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring လေဖိအားနည်းရပ်ဝန်း နှင့် မိုးတိမ်တောင်ကြောင့် စစ်ကိုင်းငလျင်ဘေးသင့်ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း MOHADMက သတိပေးထားပြီး ၊လက်ရှိရာသီဥတုအခြေအနေသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု UNOCHA က သတိပေးသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်ဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော်တို့လည်း...

သတင်း

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အရပ်သားကာကွယ်စောင့်ရှောက်ပေးရေးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ (ဖေဖော်ဝါရီ ၂၆ရက်) ထုတ်ပြန်ပါတယ်။