Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်ရှိ ​ပျူစခန်း ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ​ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(ပုလဲအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Joker PDF)
(ပုလဲအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Joker PDF)

စစ်အုပ်စုက လေကြောင်းပစ်ခတ်၊ နှစ်ဖက်ထိခိုက်မှုရှိပြီး ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၂၁ ရက်)နံနက် ၄နာရီခွဲခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးစခန်းအား MRDAနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများက သွားရောက်တိုက်ခိုက်ရာ နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

နှစ်ဖက်ထိခိုက်မှုရှိသည်ဟု ဒေသတွင်းPale Entertainmentကဆိုပြီး တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ဒေသတွင်းအဖွဲ့များအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

“ကိုယ့်ဘက်က ခုနစ်ယောက်လောက် ကျတယ်လည်းကြားတယ်။”ဟု ပုလဲဒေသခံတစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ သဲရက်ကျေးရွာနေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ​ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။