Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)

ရွာပေါင်း ၄၀ခန့်မှ ဒေသခံသောင်းချီ တိမ်းရှောင်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃) နယ်မြေ၌ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရပြီး ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

မတ်လ ၁ရက်မှ ၁၉ရက်အတွင်း တပ်မဟာ (၃) ၊ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေ ၄၄၀ကျော် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)
(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ – KNU)

ထိုသို့ ပစ်ခတ်၍ ဒေသခံပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်စုစုပေါင်း (၁၆)လုံးနှင့် သိမ်၊ စပါးကျီ၊ နွား အပါအ၀င် ပြည်သူလူထုပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် နေအိမ် စျေးဆိုင်၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခြင်းမီးရှို့ခြင်းလုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)
(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ – KNU)

ထို့အပြင် စစ်ကောင်စီဘက်မှ ကျေးရွာပြည်သူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းရှိသော်လည်း သီးခြားအတည် မပြုနိုင်သေးကြောင်း ဖော်ပြသည်။

ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၃)၊ Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။