Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် FDC ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ်
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)နှင့်ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ ဆက်လက်ဆောင်ရွက်ပေးကြပါရန် အမျိုးသားညီညွတ်ရေးအတိုင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ယနေ့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်သည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစုများ၊ အမျိုးသမီးနှင့် လူငယ်အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် သဘောတူအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၁ မတ်လ (၃၁) ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖော်ပြသည်။

သို့သော် FDC ကို NUCC တွင် ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ ဇန်နဝါရီ ၂၇ မှ ၂၉ ရက်အထိ ကျင်းပသော ပထမအကြိမ်၊​ ပြည်သူ့ညီလာခံတွင် အတည်ပြုနိုင်ခဲ့ကာ ပြည်သူ့ညီလာခံမှ အတည်ပြုထားသည့် FDC ကို ၂၀၂၂ မတ်လ (၂၇) ရက်တွင် အများပြည်သူထံ ထုတ်ပြန်နိုင်ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ်
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို ဝေဖန်သုံးသပ်၊ လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ကြရန် NUCC နှင့် NUG တို့ ဖိတ်ခေါ်

လာမည့် မတ်လ (၃၁) ရက်မှာ FDC ကို ထုတ်ပြန်ကြေညာခဲ့သည့် (၂) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး (၂) နှစ်တာကာလအတွင်း FDC နှင့် ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း NUCC က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ တော်လှန်ရေးအင်အားစုတွေဘက်မှာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်၊ ကိုယ့်ပန်းတိုင်နဲ့ကိုယ် ကျွန်တော်တို့ လမ်းကြောင်းက ဖက်ဒရယ် ဒီမိုကရေစီ ချာတာရှိတယ်။ ကျွန်တော်တို့ ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီ ယူနီယံပေါ့။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ရှိတယ်။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်။ ကိုယ့်ပန်းတိုင်ကို ကိုယ်သွားမှာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုက ခင်းထားတဲ့ လမ်းကို တော်လှန်ရေးအင်အားစုတွေက လိုက်နင်းစရာမလိုဘူးပေါ့နော်။ အဲဒါကို များများဝိုင်းပြီး သိရအောင် မျှဝေတာတွေ၊ သုံးသပ်ဆွေးနွေးတာမျိုးတွေ လုပ်ကြဖို့ ဖိတ်ခေါ်တာပါ။ သုံးသပ်ဆွေးနွေးမှုတွေထဲက အကြံပြုချက်တွေ ရှိမယ်ဆိုရင်လည်း ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်တွေမှာ ဒီအကြံပြုချက်တွေကို ထည့်သွင်းစဥ်းစားသွားမှာဖြစ်ပါတယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

NUCC အဖွဲ့ဝင်တစ်ဦးကလည်း FDC ထုတ်ပြန်ခဲ့ခြင်း ၂ နှစ်ပြည့်အခမ်းအနားနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်ပတ်သက်၍ အွန်လိုင်းဆွေးနွေးပွဲများလည်း ရှိလာမည်ဖြစ်ပြီး FDC ကို လွတ်လပ်စွာ ဝိုင်းဝန်းဝေဖန်သုံးသပ်၊ အကြုံပြုသည့် စာတမ်းများကိုလည်း ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“မြေပြင်မှာလည်းပဲ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကိုင်စွဲချီတက်ဆိုတဲ့ သပိတ်လှုပ်ရှားမှုတွေ လုပ်နေပြီဖြစ်တယ်။ အဓိကကတော့ စစ်ကောင်စီက လုပ်လာမယ့် တရားမဝင်အတုအယောင်းရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ရမှာဖြစ်သလို ကျွန်တော်တို့ တော်လှန်ရေးရဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ရာမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကိုင်စွဲချီတက်ရမှာဖြစ် တယ်” ဟု အထက်ပါ NUCC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် FDC ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။

FDC သည် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်းရရှိခဲ့သော နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ဖြစ်သကဲ့သို့၊ ဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာ စာရွက်စာတမ်းတစ်ခုလည်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်သော အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

FDC ဆိုင်ရာ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို contact@nucc-federal.org သို့ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။