Connect with us

Hi, what are you looking for?

သတင်း

ကလေးမှ ဖလမ်းမြို့သို့လာသည့် စစ်ယာဉ်တန်း CNDF တိုက်ခိုက်၊ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

▪️ယာဉ်တစ်စီး ပျက်စီးဟု ထုတ်ပြန်၊ ဖလမ်း- ဟားခါးလမ်းအား ခရီးသွားလာခြင်းမပြုရန် သတိပေး

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မတ်လ ၁၂ရက်မှ မတ်လ ၁၉ ရက်အတွင်း တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြရာ စစ်ကောင်စီတပ်မှ ၂၀ ဦးကျော်သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၁၂ရက်က စစ်ကောင်စီတပ်သည် ဗားလုံရွာအကျော်တွင် မိုင်းနင်းမိရာ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။ မတ်လ ၁၄ရက်တွင် စစ်ကောင်စီတပ်များအား ဇောင် လေးရွာအလွန်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၂ဘီးယာဉ်တစ်စီးသုံးမရအောင် ပျက်စီးခဲ့၍ လမ်း၌ ချန်ရစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

ညနေပိုင်း၌လည်း ဇောင်လေးရွာနှင့် ထင်းရှူးစခန်းကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများစွာရှိသည်ဟု ဖော်ပြထားသည်။ မတ်လ ၁၇ရက် ပါရ်သဲရွာအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ရက်တွင်လည်း ပါရ်သဲရွာအကျော်တွင် သုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည် ဟု ဖော်ပြထားသည်။ မတ်လ ၁၉ရက်တွင်လည်း ကြောင်ဟဲရွာနှင့် စီဇာမွာလ်ရွာအကြား ပဒေသာ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ပြီး ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ကို အတိအကျ မသိရကြောင်း CNDFက ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံများ၊ နင်းမိုင်း၊ အီနာဂါဗုံးသီး၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

အချို့နေရာများ၌ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ် ရေးတပ်(CDF)-ဟွာငိုရမ်တို့မှ ကူညီအားဖြည့် တိုက်ခိုက်ခဲ့ကြောင်း CNDFက ထုတ်ပြန်သည်။

ယခုလမ်းပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဖလမ်း – ဟားခါးလမ်းတွင်လည်း ထိတွေ့တိုက်ပွဲများ ယနေ့(မတ်လ ၂၁ရက်)မှစ၍ ဖြစ်ပွားလျက် ရှိရာ ပြည်သူများ ခရီးသွားလာခြင်း လုံး၀မပြုလုပ်ရန် သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook