သတင်း နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ်၉၁ခုအား တိုက်ခိုက် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်း သေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People's Springသို့ ပြော သည်။ LuduNwayOoဇွန် 7, 2022
သတင်း လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို KNDF ဖမ်းဆီး ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကိုကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDFက အသိပေးသည်။ LuduNwayOoဇွန် 7, 2022
သတင်း ချောင်းဦးမြို့နယ်ရှိ တပါယ်အင်းရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ဒေသခံတစ်ဦးကိုသတ်ဖြတ်သွား စုစုပေါင်း အိမ်ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ LuduNwayOoဇွန် 7, 2022
သတင်း ဝန်းသိုမြို့နယ် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ကျော် စစ်ဘေးရှောင်နေရ နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။ LuduNwayOoဇွန် 7, 2022
သတင်း သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ကတိပြု ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် ချမှတ်သော သေဒဏ်စီရင်ချက်ကို အတည်ပြုသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရာ တရားဝင်မှုမရှိကြောင်း NUCC က ဖော်ပြသည်။ LuduNwayOoဇွန် 7, 2022
သတင်း သံတောင်က စစ်ကောင်စီတပ်စခန်းတစ်ခုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။ LuduNwayOoဇွန် 7, 2022
သတင်း ကန့်ဘလူနယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံနှင့် ရဲတစ်ဦး၏ နေအိမ်ကိုပါ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဇွန် 7, 2022
သတင်း သေဒဏ်အတည်ပြုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မှာ ပါဝင်သူတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ CRPH သတိပေး ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။ LuduNwayOoဇွန် 7, 2022
သတင်း အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။ LuduNwayOoဇွန် 7, 2022
သတင်း တရားမဝင်စစ်အစိုးရဟု နိုင်ငံတကာသုံးနှုန်းမှု စစ်ကောင်စီ ကန့်ကွက်၊ စစ်အစိုးရမဟုတ်ဟု ငြင်းဆို ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။ LuduNwayOoဇွန် 7, 2022