Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ကတိပြု

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် ချမှတ်သော သေဒဏ်စီရင်ချက်ကို အတည်ပြုသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရာ တရားဝင်မှုမရှိကြောင်း NUCC က ဖော်ပြသည်။

NUCC
NUCC

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ကတိပြုကြေညာသည်။

NUCC
NUCC

အကြမ်းဖက်စစ်အုပ်စု၏ သေဒဏ်စီရင်ချက် အတည်ပြုမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်းနှင့် ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံ ဥပဒေများနှင့် တရားစီရင်ရေးစနစ်၊ နိုင်ငံတကာ ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် ချမှတ်သော သေဒဏ်စီရင်ချက်ကို အတည်ပြုသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရာ တရားဝင်မှုမရှိကြောင်း NUCC က ဖော်ပြသည်။

နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကျူးလွန်သည့် စစ်အုပ်စုကို အရေး ယူနိုင်ရေး၊ ကျူးလွန်ခံရသည့် ပြည်သူများအနေဖြင့် တရားမျှတမှုရရှိစေရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်သွားမည်ဟုလည်း NUCC က ကြေညာ သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction) အပါအဝင် နိုင်ငံတကာခုံရုံးများတွင် အပြစ်ပေးအရေးယူနိုင်ရေးလှုပ်ရှားမှုများကို မူဝါဒအရ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။