Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်ရှိ တပါယ်အင်း​ရွာကို စစ်​ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ​​ဒေသခံတစ်ဦးကိုသတ်ဖြတ်သွား

စုစုပေါင်း အိမ်​ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် ​လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

(တပါယ်အင်းကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ ဓာတ်ပုံ - CJ)
(တပါယ်အင်းကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ တပါယ်အင်း​ကျေးရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရပြီး ​ဒေသခံပြည်သူတစ်ဦးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက် ညနေ၃နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ တပါယ်အင်း​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကံကြီးကုန်း၊ ကင်မွန်းတော်ရွာတို့မှ ပျူစောထီးများက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စုစုပေါင်း အိမ်​ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် ​လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

“ရွာလုံးကျွတ်နီးပါးပဲ။ တော်တော်ဆိုးတယ်။ ကျွန်တော်တို့လည်း ကူညီထောက်ပံ့ဖို့တွေ စီစဥ်နေပါတယ်”ဟု Farmers Revolution Force FRF(CHU)အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခြင်းမခံရမီ နေ့လယ် ၁နာရီခန့်က ထိုအကြမ်းဖက်အုပ်စုနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force FRF (CHU)အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင် အိမ်ခြေ ၆,၃၀၀ ကျော်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook