Connect with us

Hi, what are you looking for?

သတင်း

လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို KNDF ဖမ်းဆီး

ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကိုကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDFက အသိပေးသည်။

လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ
လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်လင်းလေးမြို့၌မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၄က ယနေ့(ဇွန် ၇ ရက်) ထုတ် ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့က ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်ဖောက်ကာနေသည်ဟု သတင်းရရှိသဖြင့် KNDF တပ်ရင်း – ၁၄နှင့် ကရင်နီပြည်ရဲဌာန(KSP)ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျေးရွာနေ မောင်ခူရီအပါအဝင် ငါးဦးကို WYဆေးပြား ၃၂၄ ပြား ၊ ငွေစက္ကူ နှင့် ဖုန်းသုံးလုံးအပါအဝင် အခြားသော သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ
လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ

ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကိုကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDFက အသိပေးသည်။

ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါးကို သုံးစွဲခြင်း၊ရောင်းဝယ်ခြင်းသည် ကြီးလေးသည့် ပြစ်ဒဏ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတ်မှတ်ထားသည်။

Public Service Announcement

Public Service Announcement

လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ
လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ

ထို့ကြောင့် လစဥ်မူးယစ်ဆေးဝါးသုံးစွဲသူများကို KNDF အပါအဝင် သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိနေသည်။

လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ
လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများ

လက်ရှိတွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသူများအပါအဝင် စစ်ကောင်စီဘက်တော်သား စစ်သား၊ရဲ ၊ ဒလန် နှင့် စစ်သုံ့ပန်း၊သူခိုးနှင့် ဆူပူသောင်း ကျန်းနေသူ ၈၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကရင်နီပြည်ရဲဌာန KSPက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။