Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်စစ်အစိုးရဟု နိုင်ငံတကာသုံးနှုန်းမှု စစ်ကောင်စီ ကန့်ကွက်၊ စစ်အစိုးရမဟုတ်ဟု ငြင်းဆို

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်

▪️အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်းထံမှ အာဏာဆင်းသက်နေသည်ဟု ပြည်သူများ ယုံကြည်

တရားမဝင်အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့သည် စစ်အစိုးရမဟုတ် ကြောင်း ယနေ့ထုတ်ပြန်ငြင်းဆိုသည်။

ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်သစ်သံရုံးတို့၏ ထုတ်ပြန်ချက်တွင် ‘တရားမဝင်စစ်အစိုးရ’ ဟု သုံးနှုန်းဖော်ပြထားခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ​လေးဦးကို စစ်ကောင်စီက သေဒဏ်ချကွပ်မျက်ရန်ထုတ်ဖော်ပြောကြားမှုအပေါ် ကုလသမဂ္ဂ၊ ပြင်သစ်၊ အမေရိကန်တို့က ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

Public Service Announcement

Public Service Announcement

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။

မြန်မာပြည်သူလူထုအပေါ် နေ့စဉ်သတ်ဖြတ်ကာ လူနေအိမ်များကို မီးရှို့နေသည့် အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့အနေဖြင့် ဗဟိုအဆင့်မှ တိုင်း၊ ပြည်နယ်အထိ တိုင်းရင်းသားခေါင်း ဆောင်များ၊ နိုင်ငံရေးပါတီ​ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထား၍ စစ်အစိုးရမဟုတ်ဟု ငြင်းဆိုသော်လည်း အာဏာသိမ်းချိန်မှစ၍ အာဏာအရပ်ရပ်သည် မင်းအောင်လှိုင် တစ်ဦး တည်းထံမှ ဆင်းသက်နေသည်ဟု ပြည်သူများက ယုံကြည်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆယ်စုနှစ်တခုနီးပါးကြာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် နောက်ကြောင်းပြန်သွားခဲ့ပြီး လူ့အခွင့်အရေးနှင့် ပြည်သူများ၏ အခြေခံရပိုင် ခွင့်များလည်း ဆုံးရှုံးပျောက်ကွယ်သွားကြောင်း နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းပြီး ၁၆လကြာသည့်တိုင် စစ်ကောင်စီသည် ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်မရှိဘဲ နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အဆင့်လျှော့ချခံရကာ တရားဝင်မှု မရရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook