Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်စစ်အစိုးရဟု နိုင်ငံတကာသုံးနှုန်းမှု စစ်ကောင်စီ ကန့်ကွက်၊ စစ်အစိုးရမဟုတ်ဟု ငြင်းဆို

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်

▪️အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်းထံမှ အာဏာဆင်းသက်နေသည်ဟု ပြည်သူများ ယုံကြည်

တရားမဝင်အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့သည် စစ်အစိုးရမဟုတ် ကြောင်း ယနေ့ထုတ်ပြန်ငြင်းဆိုသည်။

ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်သစ်သံရုံးတို့၏ ထုတ်ပြန်ချက်တွင် ‘တရားမဝင်စစ်အစိုးရ’ ဟု သုံးနှုန်းဖော်ပြထားခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ​လေးဦးကို စစ်ကောင်စီက သေဒဏ်ချကွပ်မျက်ရန်ထုတ်ဖော်ပြောကြားမှုအပေါ် ကုလသမဂ္ဂ၊ ပြင်သစ်၊ အမေရိကန်တို့က ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

Public Service Announcement

Public Service Announcement

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။

မြန်မာပြည်သူလူထုအပေါ် နေ့စဉ်သတ်ဖြတ်ကာ လူနေအိမ်များကို မီးရှို့နေသည့် အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့အနေဖြင့် ဗဟိုအဆင့်မှ တိုင်း၊ ပြည်နယ်အထိ တိုင်းရင်းသားခေါင်း ဆောင်များ၊ နိုင်ငံရေးပါတီ​ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထား၍ စစ်အစိုးရမဟုတ်ဟု ငြင်းဆိုသော်လည်း အာဏာသိမ်းချိန်မှစ၍ အာဏာအရပ်ရပ်သည် မင်းအောင်လှိုင် တစ်ဦး တည်းထံမှ ဆင်းသက်နေသည်ဟု ပြည်သူများက ယုံကြည်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆယ်စုနှစ်တခုနီးပါးကြာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် နောက်ကြောင်းပြန်သွားခဲ့ပြီး လူ့အခွင့်အရေးနှင့် ပြည်သူများ၏ အခြေခံရပိုင် ခွင့်များလည်း ဆုံးရှုံးပျောက်ကွယ်သွားကြောင်း နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းပြီး ၁၆လကြာသည့်တိုင် စစ်ကောင်စီသည် ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်မရှိဘဲ နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အဆင့်လျှော့ချခံရကာ တရားဝင်မှု မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။