Connect with us

Hi, what are you looking for?

သတင်း

သံတောင်က စစ်ကောင်စီတပ်စခန်းတစ်ခုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။

သံတောင်မြို့
သံတောင်မြို့

သံတောင်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့မနက်ပိုင်းက သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါသေနတ်နဲ့သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့ ဇွန် ၇ ရက် မနက် ၈ နာရီအချိန်ခန့်က သံတောင်(၁၃)မိုင်-သံတောင်ကြီးလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။

ဒီလိုပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ရပ်ရွာတွေအတွင်း လှည့်လည်စစ်ဆေးတာတွေ၊ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်လာနိုင်တာကြောင့် သတိရှိစွာနေထိုင်သွားလာကြဖို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

“မနက်အစောသေနတ်သံကြားတယ်။ စစ်တပ်ကုန်းက ပစ်ခတ်ခံရတာပါ။ စစ်သားတစ်ဦး ပစ်ခတ်ခံရလို့ သေသွားပြီတဲ့” လို့ ဒေသခံတစ်ဦးက တောအူးကရင်သတင်းစဉ်ကို ပြောကြားပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်ရင်း(၄)ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတွေဟာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရလို့ မေလတလတာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်ဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook