Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံတောင်က စစ်ကောင်စီတပ်စခန်းတစ်ခုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။

သံတောင်မြို့
သံတောင်မြို့

သံတောင်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့မနက်ပိုင်းက သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါသေနတ်နဲ့သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့ ဇွန် ၇ ရက် မနက် ၈ နာရီအချိန်ခန့်က သံတောင်(၁၃)မိုင်-သံတောင်ကြီးလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။

ဒီလိုပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ရပ်ရွာတွေအတွင်း လှည့်လည်စစ်ဆေးတာတွေ၊ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်လာနိုင်တာကြောင့် သတိရှိစွာနေထိုင်သွားလာကြဖို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

“မနက်အစောသေနတ်သံကြားတယ်။ စစ်တပ်ကုန်းက ပစ်ခတ်ခံရတာပါ။ စစ်သားတစ်ဦး ပစ်ခတ်ခံရလို့ သေသွားပြီတဲ့” လို့ ဒေသခံတစ်ဦးက တောအူးကရင်သတင်းစဉ်ကို ပြောကြားပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်ရင်း(၄)ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတွေဟာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရလို့ မေလတလတာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်ဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။