Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး
အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

အာဏာသိမ်းစစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း Mobye Rescue Teamက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ (ဇွန်လ ၇ရက်)နံနက်ပိုင်းတွင် စစ်ကြောင်းထိုးပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှ အပြင်မထွက်ရန် MRTက မေတ္တာရပ်ခံထားသည်။ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိပါကလည်း Mobye Rescue Team သို့ ဆက်သွယ်ရန် အသိပေးထားသည်။

လက်ရှိတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ၍ စစ်ရှောင်အရေးကိစ္စရပ်များ ဆောင်ရွက်နေကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြော သည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး
အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်တွင် မေလအတွင်း တိုက်ပွဲများကြောင့်လည်း ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

“ဆီးမီးလော့ ဖြစ်တဲ့နောက်ပိုင်း ဖယ်ခုံအင်းရဲ့ အရှေ့ဘက် ​ကျေးရွာ ၆ရွာလောက်မှာ စစ်ကောင်စီတပ်က ထိုင်ထားတယ်။ ရွာသားတွေက ပစ္စည်းတွေ ပြန်ယူချင်တာ လည်း ယူလို့မရဘူးတဲ့။ တချို့တွေက အရဲစွန့်ပြီး သွားတယ် ။ဘာဖြစ်လို့လည်းဆိုတော့ စပါးတွေ ပြောင်းတွေကျန်ခဲ့တာကိုး။ အဲဒီ စပါးတွေ ပြောင်းတွေ လာသယ်ချင်ရင်သူတို့ကို တစ်ဝက်ပေးရတယ်။ တစ်ဝက်ပေးရတယ် ဆိုတာ ပြောင်းတွေ စပါးတွေမဟုတ်ဘူး ငွေကို တစ်ဝက်ပေးရတယ်။ တန်ဖိုးဘယ်လောက်ရှိသလဲ တန်ဖိုးက ၁၀သိန်းရှိတယ်ဆိုရင် ပေး ၅သိန်း မင်းသယ်သွား အဲဒါမျိုးပေါ့” ဟု ဖယ်ခုံ၌ စစ်ရှောင်နေသည့် ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယား ပြည်နယ်ရှိ မြို့နယ်များတွင် ကရင်နီဒေသခံ ကာကွယ် ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။