Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး
အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

အာဏာသိမ်းစစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း Mobye Rescue Teamက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ (ဇွန်လ ၇ရက်)နံနက်ပိုင်းတွင် စစ်ကြောင်းထိုးပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှ အပြင်မထွက်ရန် MRTက မေတ္တာရပ်ခံထားသည်။ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိပါကလည်း Mobye Rescue Team သို့ ဆက်သွယ်ရန် အသိပေးထားသည်။

လက်ရှိတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ၍ စစ်ရှောင်အရေးကိစ္စရပ်များ ဆောင်ရွက်နေကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြော သည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး
အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်တွင် မေလအတွင်း တိုက်ပွဲများကြောင့်လည်း ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

“ဆီးမီးလော့ ဖြစ်တဲ့နောက်ပိုင်း ဖယ်ခုံအင်းရဲ့ အရှေ့ဘက် ​ကျေးရွာ ၆ရွာလောက်မှာ စစ်ကောင်စီတပ်က ထိုင်ထားတယ်။ ရွာသားတွေက ပစ္စည်းတွေ ပြန်ယူချင်တာ လည်း ယူလို့မရဘူးတဲ့။ တချို့တွေက အရဲစွန့်ပြီး သွားတယ် ။ဘာဖြစ်လို့လည်းဆိုတော့ စပါးတွေ ပြောင်းတွေကျန်ခဲ့တာကိုး။ အဲဒီ စပါးတွေ ပြောင်းတွေ လာသယ်ချင်ရင်သူတို့ကို တစ်ဝက်ပေးရတယ်။ တစ်ဝက်ပေးရတယ် ဆိုတာ ပြောင်းတွေ စပါးတွေမဟုတ်ဘူး ငွေကို တစ်ဝက်ပေးရတယ်။ တန်ဖိုးဘယ်လောက်ရှိသလဲ တန်ဖိုးက ၁၀သိန်းရှိတယ်ဆိုရင် ပေး ၅သိန်း မင်းသယ်သွား အဲဒါမျိုးပေါ့” ဟု ဖယ်ခုံ၌ စစ်ရှောင်နေသည့် ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယား ပြည်နယ်ရှိ မြို့နယ်များတွင် ကရင်နီဒေသခံ ကာကွယ် ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook