Hi, what are you looking for?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။
ဒေါ်လာနှင့်ရွှေဈေးကွက်အပေါ်စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မူကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် သင်္ကြန်အပြီး ၂ ရက်တွင်ဈေးမဖွင့်နိုင်ခဲ့ဘဲ ၃ရက်မြောက်တွင်မှဈေးဖွင့်ရာ အခေါက်ရွှေမှာ ၂၁ သိန်းနီးပါးရှိလာခြင်းဖြစ်သည်။ရွှေဈေးကို စစ်ကောင်စီ အလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းအသင်းကဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
People Security And Defence Army သည် မူဆယ်ဒေသတွင် စစ်ကောင်ဆီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။ဧပြီ ၁၇ရက်က မြို့မရဲစခန်းကို အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို သကြ်န်ကာလအတွင်းကလည်း စစ်ကောင်စီမဏ္ဍပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မတ်လအတွင်းကလည်း စစ်ကောင်စီသတင်းပေးတစ်ဦးကို သုတ်သင်ရှင်လင်းခဲ့သည်။