Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ပိုပြင်းထန်သည့်ဗုံးများသုံး၍ လေကြောင်းမှတိုက်ခိုက်၊ အင်အားဖြည့်တင်းလာ၍ တိုက်ပွဲပိုပြင်းထန်နိုင်ဟု ကော်ဘရာစစ်ကြောင်းတပ်မှူးပြော

စစ်ကောင်စီတပ်သည် မေလ ၁၈ရက် နေ့ခင်းပိုင်းတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ် ၃၀ ​ကျော် ရှိသည်ဟုသိရသည်။

(​သေ့​ဘောဘိုးစခန်းမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊ စစ်သုံပန်း ၆ ဦးနှင့် စခန်းသိမ်းနိုင်ခဲ့​သည့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ။ ဓါတ်ပုံ-Karen Soe)

●သေ့ဘောဘိုးစခန်းမှ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြားရရှိ၊ စစ်သားအများအပြား​သေပြီး ၆ဦးအရှင်ဖမ်းမိ

မြ၀တီမြို့နယ် သေ့ဘောဘိုးစစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တုံ့ပြန်ခဲ့ပြီး ယခင်ထက် ပိုပြင်းထန်သည့် ဗုံးများအသုံးပြု တိုက်ခိုက်လာကြောင်း KNU၏ ကော်ဘရာစစ်ကြောင်းမှ တပ်မှူးတစ်ဦးက ပြောသည်။

(​သေ့​ဘောဘိုးစခန်းမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊ စစ်သုံပန်း ၆ ဦးနှင့် စခန်းသိမ်းနိုင်ခဲ့​သည့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ။ ဓါတ်ပုံ-Karen Soe)

“သေဘောဘိုးဖြစ်စဉ်မှာတော့ လက်ရှိတော့ ထိခိုက်ဒဏ်ရာရရှိတယ်။ အကျအဆုံးတချို့ရှိတယ်။ အကျအဆုံး ကတော့ ဒီနေ့အထိတော့ အတိအကျ သတင်းထုတ်ပြန်ဖို့ အဆင်မပြေသေးလို့ မထုတ်ပြန်သေးတာ။ညကတော့ သူတို့ ဗုံးကြဲတယ်။ ၂ကြိမ်လာကြဲသွားတယ်။ ကြဲတဲ့နေရာမှာ ကြီးကြီးမားမား ဒဏ်ရာတော့မရှိဘူး ရဲဘော် ၂ယောက် ၃ယောက်တော့ အသေးစား ဒဏ်ရာလေးရထားတယ်။ (သေ့ဘောဘိုးတိုက်ပွဲမှာ)သူတို့ဘက်က တော်တော်ကို သူတို့ကျတယ်။ ပြီးတော့ လက်နက်တော်တော်များများလည်း သိမ်းဆည်းရမိတယ်။ စခန်းကုန်း တစ်ကုန်းကို ဒီဘက်က သိမ်းနိုင်တယ်ပေါ့” ဟု ကော်ဘရာစစ်ကြောင်းမှ တပ်မှူးတစ်ဦးက ပြောသည်။

(​သေ့​ဘောဘိုးစခန်းမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊ စစ်သုံပန်း ၆ ဦးနှင့် စခန်းသိမ်းနိုင်ခဲ့​သည့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ။ ဓါတ်ပုံ-Karen Soe)

တိုက်ပွဲဖြစ်စဉ်နှင့် လက်နက်ခဲယမ်းရရှိမှုများကို ကော်ဘရာစစ်ကြောင်းမှ တရားဝင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်က အင်အားတွေတိုးထားတယ်ဆိုတော့ စစ်ရေးအလားအလာတွေကတော့ ရှိနေသေးတယ်။ ဒီကောင်တွေ အဆက်မပြတ် လေကြောင်းသုံးတာတွေရှိတယ်။ ညက သန်းခေါင်ကျော် ၂ချက်တီးလောက်မှာ လာကြဲတာကိုး။ လက်ရှိမှာတော့ လေယာဉ်ဗုံးကြဲတဲ့နေရာမှာ ပိုပြီးတော့ ပြင်းထန်တဲ့ ဗုံးတွေ သုံးလာတာ တွေ့ရတယ်။ ညက ကြဲသွားတဲ့ဗုံးဆိုရင် စခန်းတစ်ခုက ရှိသမျှ အဆောင်အကုန်လုံးကုန်ပြီးတော့ မြေပြင်ပဲကျန်တဲ့ အခြေအနေ ထိ ကြဲတာတွေရှိတယ်။ ဒါထက်ပိုပြီး ပြင်းထန်တဲ့ဟာ သူတို့ဆက်သုံးမှာပဲ” ဟု အဆိုပါ တပ်မှူးက ပြောသည်။

​သေ့​ဘောဘိုးစခန်းသိမ်းပြီး​နောက် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများကို ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့က ဓါတ်ပုံတင်ထားရာ လက်နက်ကြီး ၄ လက်၊ ​စက်လက်အပါအဝင်သေနတ်အနည်းဆုံး ၇ လက် ၊ ကျည်မျိုးစုံအ​ရေအတွက်များစွာနှင့် စစ်တပ်သုံးဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းနိုင်ခဲ့သည်ကို​တွေ့ရသည်။ ထိုအပြင် စစ်သုန့်ပန်းအဖြစ် စစ်သား ၆ ဦးကိုဖမ်းဆည်းနိုင်ခဲ့သည်ကိုလည်း​တွေ့ရသည်။

စစ်ကောင်စီတပ်သည် မေလ ၁၈ရက် နေ့ခင်းပိုင်းတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ် ၃၀ ​ကျော် ရှိသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။