Connect with us

Hi, what are you looking for?

News

သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးအရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂လက်နှင့် ခဲယမ်းများရဟု ကော်ဘရာစစ်ကြောင်းအသိပေး

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊ စစ်ကောင်စီတပ်မှ လေယာဉ်မျိုးစုံ ခြောက်စီးဖြင့် ၃၅ကြိမ် တိုက်ခိုက်ခဲ့ဟုဆို

မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး အရှင်ဖမ်းမိပြီး လက်နက်ကြီးလက်နက်ငယ်မျိုးစုံ ၁၂လက်ရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မေလ (၁၈)ရက် နံနက် ၉နာရီမှစ၍ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီအထိတိုက်ပွဲ ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်မျိုးစုံ စုစုပေါင်း ၆စီးသုံးပြီး လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ATR – 42 အမျိုးအစား ကင်းထောက်လေယာဉ်ဖြင့် ဝဲပျံလျက် အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ‌ လေယာဉ်အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 တစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ထံမှ ကနဦး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် စုစုပေါင်း လက်နက်ကြီး လက်နက်ငယ် ၁၂လက် နှင့် ခဲယမ်းများ၊ နင်းမိုင်း နှင့် ဒရုန်း အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

အရှင်ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များတွင် တပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် တစ်ဦး၊ ဒုတပ်ကြပ် တစ်ဦး နှင့် တပ်သား နှစ်ဦးတို့ ပါဝင်ပြီး စစ်သုံ့ပန်း စည်းမျဉ်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်သိမ်းကာ ဆေးကုသပေးထားသည်ဟု ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်း တပ်ဖွဲ့များမှ အဆိုပါဒေသအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။