Connect with us

Hi, what are you looking for?

News

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ တစ်ဦးဒဏ်ရာရ

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောပုရွာမှပျူစောထီးများသည် ကူတောပလ္လင်ရွာသို့ လာရောက်၍ သေနတ်များပစ်ဖောက်ပြီး ကြိမ်းမောင်းသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – မန္တလေးလမ်းပိုင်းပေါ်တွင် မဟာမိတ်ညီ​​​​နောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူစောထီးတစ်ဦးသေဆုံးကြောင်း Monywa Heroes Groupက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မေလ ၁၄ ရက် ညနေ ၃နာရီခွဲခန့်က မဟာမိတ်ညီနောင်အဖွဲ့များ စစ်ဆင်ရေးတစ်ခုအတွက် ခရီးသွားနေစဥ် သေနတ်ကိုင်ဆောင်လာသော တောပုကျေးရွာမှ ပျူစောထီး နှစ်ဦးနှင့် ကူတောပလ္လင်ရွာ တောင်ပုံ(လမ်းခွဲ)အနီးတွင် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ကြောင်း Monywa Heroes Groupက ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် အသိပေးသည်။

ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရသွားသည်ဟု မဟာမိတ်ညီနောင်အဖွဲ့များက ဆိုသည်။

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောပုရွာမှပျူစောထီးများသည် ကူတောပလ္လင်ရွာသို့ လာရောက်၍ သေနတ်များပစ်ဖောက်ပြီး ကြိမ်းမောင်းသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်မှုကြောင့် ကူတောပလ္လင်ရွာနှင့်အနီးဝန်းကျင်ကျေးရွာများမှပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည့်အတွက် တောင်းပန်ကြောင်း Special Forces-11၊ Monywaနှင့် Heroes Group၊ Monywa Truth Of Forceအဖွဲ့ မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်ညီနောင်အဖွဲ့များအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တောပုရွာတွင် ပျူစောထီးများ များစွာရှိပြီး ၎င်းပျူစောထီးများလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။