Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီမြို့နယ် သိန္ဓောရွာတိုက်ပွဲ စစ်ကောင်စီတပ်ငါးဦးသေ

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

(တနင်္သာရီမြို့ သိန္ဓောကျေးရွာရှိ မြစ်ဆိပ်တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Tanintharyi Defense Force)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကြောင်း တနင်္သာရီကာကွယ်ရေးတပ်ဖွဲ့(Tanintharyi Defense Force)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စု ဘန်းပြည့်ကျေးရွာတွင် မေလ၁၈ ရက် နံနက်ပိုင်းက တစ်ကြိမ်နှင့် တကူကျေးရွာ ကိုးမိုင်တောင်ခဲလမ်းပြင်အနီး နေ့လယ် ၁နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဘန်းပြည့်ရွာကို မေလ ၁၈ ရက် နံနက် ၅နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က စက်လှေဖြင့် စစ် ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီတပ်ရင်းတွေ(စစ်ကောင်စီတပ်)က သိန္ဓော ဘန်းပြည့်ဖက်မှာ လှုပ်ရှားထွက်နေတဲ့အဖွဲ့တွေ၊အဲဖက်မှာလည်း (ပကဖ)တွေ၊PDF တွေရဲ့ ရှေ့တန်းနယ်မြေဖြစ်နေတော့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေပါ။ ပြီးခဲ့တဲ့လတုန်းကလည်း စကစ (စစ်ကောင်စီတပ်)က သိန္ဓောရွာမှာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာကနေထွက်ပြေးတိမ်းရှောင်နေတဲ့အိမ်တွေမှာ ပစ္စည်းခိုးယူဖျက်ဆီးတာတွေ လုပ်ခဲ့ပါသေးတယ်”ဟု တနင်္သာရီ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲကို နဂါးနက်အဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မေလ ၁၈ရက် နေ့လယ် ၁နာရီခန့်က တကူကျေးရွာ ကိုးမိုင်တောင်ခဲလမ်းပြင်အနီးတွင် (ပကဖ)ဘက်မလိုက်ပြောက်ကျားအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း တနင်္သာရီကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။