Connect with us

Hi, what are you looking for?

News

ထန်းတောကုန်းရွာတိုက်ပွဲ သေဆုံးသည့် စစ်ကောင်စီတပ်သားများ သံချပ်ကာကားဖြင့်လာရောက်သယ်ယူစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ဗိုလ်ပေါက်စီပြော

စစ်‌ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်အား သယ်ဆောင်ပြီး နောင်ကြီးအိုင်ရဲစခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တပ်တွင်းသတင်းများမှတစ်ဆင့် ARA က အတည်ပြုသည်။

(ထိတွေ့မှု ဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်၏ သွေးကွက်နှင့်ကျည်အချို့အားတွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ထန်းတောကုန်းရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသူနှင့် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို သံချပ်ကာကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်စဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)မှ ဗိုလ်ပေါက်စီက People’s Springသို့ ပြောသည်။

ထို့အပြင် ဗိုလ်အဆင့်အရာ‌ရှိတစ်ဦးကို ယမန်နေ့ (မေ ၁၈ရက်) ညနေပိုင်း၌ စခတ(၁၀)တပ်အနီးရှိ တော်လှသုဿန်တွင် သေနတ်ပစ်ဖောက်၍ နေ့ချင်းသဂြိုလ်ခဲ့သည်ဟု ဆိုသည်။

(ထိတွေ့မှု ဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်၏ သွေးကွက်နှင့်ကျည်အချို့အားတွေ့ရစဥ်)

ယခုလ ၁၇ ရက်က နောင်ကြီးအိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များထဲမှ အင် အား ၅၀ကျော်ပါသော ခြေလျင်စစ်ကြောင်းသည် ထန်းတောကုန်းကျေးရွာသို့ ရောက်ရှိလာသဖြင့် အရာတော်မြို့နယ်(ပကဖ)နှင့်‌ ဒေသခံတော် လှန်ရေးအင်အားစုများ၊ ရွှေဘို(ပကဖ)၊ ဒီပဲယင်း (ပကဖ)၊ ဝက်လက်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်သော တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်‌ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်အား သယ်ဆောင်ပြီး နောင်ကြီးအိုင်ရဲစခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တပ်တွင်းသတင်းများမှတစ်ဆင့် ARA က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ဖြစ်ပြီးနောက်တစ်ရက်မှာ စစ်အုပ်စုက စက်လတ်ပါသံချပ်ကာ(၂)စီး၊ စကတ်ကားတစီး
ဝင်လာတယ်။ဒါကို ကြိုသိလို့ ကျွန်တော်တို့ မိုင်းစောင့်ဆွဲတယ်။ထိတွေ့မှု အချိန်နည်းနည်းဖြစ်သွားတယ်။အဲဒီဖြစ်စဥ်မှာ စစ်ကောင်စီရဲ့ ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူး”ဟု ဗိုလ်ပေါက်စီက ရှင်းပြသည်။

(ထိတွေ့မှု ဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်၏ သွေးကွက်နှင့်ကျည်အချို့အားတွေ့ရစဥ်)

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော ဆက်စပ်ပစ္စည်းများအနက်
ထူးခြားချက်အနေဖြင့် စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများ ချွတ်ထားခဲ့သည့် အင်္ကျီများသည် ဒီချုပ်(NLD) တံဆိပ် ပါဝတ်စုံများ ကို တွေ့ရှိခဲ့သည်။

ယခုလ ၂ ရက်ကစ၍ အင်အား ၂၀၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းသည်အရာတော်-မြင်းမူ ဒေသအစပ် ကန်ရင်းကျေးရွာသို့ ဝင်ရောက်ပြီးနောက် အရာတော်နယ် မလဲသာနှင့် ညောင်ပင်သာရွာတို့ကို ရွာလုံးကျွတ်မီးရှို့ခဲ့သည်။

ထို့နောက် ချင်ပင်ကျေးရွာကို မေလ ၇ ရက်က မီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးရဲဘော် ခြောက်ဦးဖမ်းဆီးခံရကာ ဒေသခံပြည်သူ ၃၀ခန့်ကို လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook