သတင်း ၀က်လက်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း နယူးယောက်မြို့ ကုလရုံးရှေ့က သံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံချီတက်ပွဲ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း ဝေဟင်နည်းပညာပိုင်းမြှင့်တင်နိုင်ဖို့ ကြိုးနဲ့စွန် 2.0 မှာပါဝင်ပေးကြဖို့ MODတိုက်တွန်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း ရန်ကုန်မြို့လယ်မှာ ဆေးကြောင်နေသူတဦးရဲ့ကား က အခြားကားတွေကို လိုက်တိုက်ဟု ဒေသခံတွေပြော ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်းပေါ်ရှိတဲ့ ကားတွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း ဒဏ်ရာရစစ်သားတွေသယ်လာတဲ့ စစ်သင်္ဘောတွေပြန်ဆင်းလာလို့ မြစ်ကမ်းဘေးရွာတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပြုဖို့တော်လှန်ရေးတပ်တွေတိုက်တွန်း ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်းဘေးတလျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ သြစတြေးလျရောက်မြန်မာတွေ ပြုလုပ် သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း စဉ့်ကူးကကျောင်းထိုင်ဆရာတော် တပါးကိုစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာတော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း System Breakdown ဖြစ်ချိန် မီးစက်နှိုးထားတဲ့ လက်သည်းအလှပြင်ဆိုင်က အမျိုးသမီး ၅ဦး အသက်ရှုကြပ်ပြီး အရေးပေါ်ရောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်နေချိန် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဆိုင်တစ်ဆိုင်မှာ မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အသက်ရှူကြပ်နေတဲ့ အမျိုးသမီး ၅ဦး ကို အရေးပေါ်ဌာနကိုပို့ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။ ludunwayooစက်တင်ဘာ 20, 2026
သတင်း အာဏာသိမ်းလိုက်တာကြောင့် စစ်သားတွေ အလုပ်ပိုရှုပ်၊ ပိုပင်ပန်းတော့မယ်လို့ ခံစားခဲ့ရကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးအောင်ဖြိုးဝေ ပြော စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 20, 2026