Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းအနောက်ခြမ်းက စစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − သရက်ခရိုင် အမှတ်(၄)တပ်ရင်း)

နို၀င်ဘာ-၉ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဖြစ်တဲ့ သဖန်ရောင်၊ငကုန်းနဲ့ ကံကြိုး ကျေးရွာဘက်တွေမှာ အခု နိုဝင်ဘာလဆန်းပိုင်းကတည်းက ထိတွေ့မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“ခုထိလည်း ရှိနေ ထိုးနေတုန်းပါပဲ။တော်လှန်ရေးပူးပေါင်းအဖွဲ့ကလည်း ခုခံတယ် ၊ ရန်သူနေရာယူထားတဲ့ ပွိုင့်ကုန်းတွေကို တန်ပြန်ထိုးစစ်ဆင်တာတွေ ရှိတယ်”လို့ မင်းတုန်းအနောက်ခြမ်းစစ်ရေးအခြေအနေကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဂျက်ဖိုက်တာ၊Y12 ၊ပါရာမော်တာ တွေသုံးပြီး လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့လည်းဆိုပါတယ်။

“စစ်တပ်နေရာယူထားတဲ့ ပွိုင့်ကုန်းတွေက သဖန်ရောင်နဲ့ ကံကြိုးဘက်မှာများတယ်။အဲဒီကနေ မကျော်သေးတာပေါ့”လို့ မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ရိုးမပေါ်ကို ခြေကုပ်ရယူဖို့ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအများအပြားကို အသုံးပြုကာ အသေခံ တက်ခိုင်းနေပေမယ့် ထိတွေ့မှုတွေတိုင်းမှာ ထိခိုက်သေဆုံးသူများနေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်၊ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာလည်း စစ်တပ်ရဲ့ နောင်ချန်အင်အား တစ်ထောင်၀န်းကျင်နဲ့ တပ်စွဲ ဖြန့်ကျက်ထားတယ်လို့ ‌ဒေသတွင်းစစ်ရေးတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။

အဲဒီအင်အားတွေကို တပ်မ(၅၅)က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ထွက်ပြေးသူ၊ထိခိုက်သူ နဲ့သေဆုံးသူများတာကြောင့် ဩဂုတ်လနောက်ဆုံးပတ်မှာ စစ်တပ်က နောက်ထပ်စစ်ကူတွေ ထပ်ပို့ခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မီးရှို့ပျက်စီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ Churches ကျောင်းတွေ ပြင်ဆင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး နယူးယောက်မြို့မှာ "Faith Unbroken" ဖျော်ဖြေပွဲပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် လင်းလင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်နဲ့ သုံ့ပန်းအချို့ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)အထူးလှုပ်ရှားတပ်မက ထုတ်ပြန်ပါတယ်။