Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းမှာ စစ်တပ်ဂိတ်တွေ ပိုများလာပြီး သိန်းဂဏန်းအထိ တိုးတောင်း

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

နိုဝင်ဘာ-၉၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မုံရွာမြို့ကနေ စစ်ကိုင်းတံတားနှာပေါက်ဂိတ်အထိ ကုန်ကားတစ်စီးကို စုစုပေါင်း ငွေကျပ် ၁၀သိန်းနဲ့အထက် ပေးနေရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

“ကျွန်တော်တို့ပြောရင် တရွာ၂ဂိတ်နဲ့ PDF ‌‌‌‌‌‌‌‌‌‌‌‌‌ဂိတ်တွေကျ မင်းတို့ ဘာပြောရဲလဲဆိုပြီး ပြောကြတယ်။ ဘယ်PDFဂိတ်မှ ဒီလိုကြေးပစ်ပြီး မတောင်းဘူး‌ဗျ။ စစ်တပ်ဂိတ်တဂိတ်ကို ပေးရတဲ့ ငွေနဲ့ PDF ၁၀ ဂိတ်လောက်ကို ပေးရတဲ့ ငွေညီမျှတယ်။ တိုင်ရင်လည်း ၁ ပတ်လောက်နားပြီး ပြန်လာတောင်းတာပဲ”လို့ ကုန်ကားမောင်းသူ ‌တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က စစ်ကိုင်းနှာပေါက်ဂိတ်ကို ငွေကြေးမတောင်းခံရဘူးလို့ ကြေညာထားပေမယ့် အဲဒီဂိတ်က ကုန်ကားတစ်သိန်းကို ကျပ် ၃သိန်းကနေ ၅သိန်းအထိ တရားမဝင် တောင်းတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတံတားနဲ့ နာရီဝက်လောက်သာ မောင်းရတဲ့ လမ်းပိုင်းမှာတင် စစ်ကိုင်းတံတားဂိတ်၊ ကောင်းမှုတော်ဘုရားဂိတ်၊ တက္ကသိုလ်အပေါက်စောင့်ဂိတ်၊ ကုန်းရွာဂိတ်၊ ကံတလူဂိတ်၊ အုန်းတောဂိတ်တွေ အပါအဝင် စစ်တပ်ရဲ့တရားမဝင် ငွေတောင်းတဲ့ ဂိတ် ၁၀ ဂိတ်ခန့်ရှိသလို လမ်းတလျှောက်နဲ့ မြို့အဝင်တွေမှာ ဂိတ်တွေ အလွန်များတယ်လို့ ဆိုပါတယ်။

“တားမြစ်ကုန်မပါဘူး။ လိုင်စင်အကုန်ပါတယ်။ ကိုယ့်ဘက်က မှန်နေလို့ ပေးတာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နည်းရင်တောင် ရပ်ထားဆိုပြီး တနေကုန်ရပ်ခိုင်းထားတာ‌ဗျာ။ တချို့ဂိတ်တွေ သေနတ်မောင်းဆွဲတင်တာတွေလုပ်တယ်။ ခေါက်ကြေး ၅၀,၀၀၀ လောက်ရဖို့ လမ်းကြေး ဆယ်ချီပေးပြီး ကွမ်းယာတောင် တယာက နှစ်ယာ မဝါးနိုင်ကြ တော့ဘူး”လို့ ကုန်ကားသမားက ပြောပါတယ်။

စစ်ကိုင်းတံတားဂိတ်ဟာ စစ်အာ‌ဏာသိမ်းပြီး တနိုင်ငံလုံးမှာ ငွေညှစ်မှု အဆိုးဆုံးဂိတ်ဖြစ်လာပြီး ၂၀၂၅ခုနှစ် စစ်တပ်က ဂိတ်ဖြုတ်ကြောင်း ကြေညာခဲ့တာပါ။

အဲဒီနောက် စစ်ဆေးရေးဂိတ်ထပ်မံထားခဲ့ပြီး စစ်ကိုင်းနှာပေါက်ဘေးမှာ တရားမဝင် ငွေတောင်းဂိတ်တွေ ဆက်လုပ်နေသလို စစ်ကိုင်းမြို့ဘက်မှာလည်း တံတားအဆင်းမှာ နေရာပြောင်းပြီး ငွေတောင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်​သေဆုံးသူများပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။