Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက "အာဇာနည်တိုင်း သမိုင်းမသေ"ဆိုတဲ့ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ “ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး”မှာ ပါဝင်ကြဖို့ နိုးဆော်တဲ့ လှုပ်ရှားမှုကို စစ်ကိုင်းမြို့နယ် လူထုသပိတ် အင်အားစုက ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားနဲ့ မိသားစုဝင်တွေ ထားရှိရာ နေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ရာ ထိမ်းသိမ်းခံထားရသူ ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ပေးနေတဲ့ MyanmarWitness...

သတင်း

ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူခြင်းကို ခံခဲ့ရသူတွေထဲက ၅၃၀၀ ကျော်လောက် နေရပ်မပြန်နိုင်ဘဲ တစ်နှစ်ကျော်လောက် သောင်တင်နေဆဲလို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ခါကာဘို ရေးသားသည်။ အီရန်၊ ယူကရိန်းနဲ့ နိုင်ငံတကာပဋိပက္ခတွေကိုဘဲ ကမ္ဘာကြီးက အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံရဲ့ အထီးကျန်အညာဒေသမှာတော့ စစ်ပွဲတွေဟာ တိတ်တဆိတ်နဲ့ ပိုပြီးပြင်းထန်လာနေပါတယ်။ “ဟိုမှာ… ရဟတ်ယာဉ်လာနေပြီ။” အဲဒီအသံကြားလိုက်တာနဲ့ စာသင်ခန်းလေးဟာ ခဏလောက် ငြိမ်သွားပါတယ်။ ကလေးတွေက ကောင်းကင်ကို မော့ကြည့်ကြတယ်။ ရဟတ်ယာဉ် ဖြတ်ပျံပြီး ကျော်သွားတော့မှ...

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook