Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်က စစ်တပ်စစ်ကြောင်းတွေ ကောလင်းနဲ့ ဝန်းသိုဘက် ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ဝန်းသိုလမ်းပိုင်းက စစ်တပ်စစ်ကြောင်းတွေ ကောလင်းနဲ့ဝန်းသိုမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာနေပြီး မြို့နယ်အစပ်ကို ရောက်လာတာကြောင့် ကောလင်းမြို့နယ်အရှေ့ခြမ်းကကျေးရွာတွေ ဘေးလွတ်ရာိတမ်းရှောင်နေရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

(အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)

နိုဝင်ဘာ-၅၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ဝန်းသိုလမ်းပိုင်းက စစ်တပ်စစ်ကြောင်းတွေ ကောလင်းနဲ့ဝန်းသိုမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာနေပြီး မြို့နယ်အစပ်ကို ရောက်လာတာကြောင့် ကောလင်းမြို့နယ်အရှေ့ခြမ်းကကျေးရွာတွေ ဘေးလွတ်ရာိတမ်းရှောင်နေရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

အောက်တိုဘာ ပထမပတ်ကတည်းက အင်းတော်မြို့ကနေ ထီးချိုင့်မြို့နဲ့၊ဝန်းသိုမြို့တွေဆီကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲထိုးခဲ့ပြီး အဲဒီစစ်ကြောင်းတွေအားလုံး PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခံခဲ့ရပါတယ်။အဲဒီနောက် အင်းတော်မြို့နယ် ပိန္နှဲကုန်း၊အိုက်မရွာတို့အနီး ပြန်လည်တပ်စွဲရာကနေ‌ ကောလင်းနဲ့ဝန်းသိုမြို့ဘက်ကို ပြန်ထွက်နေတာလို့ သိရပါတယ်။

“သူတို့ရည်ရွယ်ချက်ထဲမှာ ကောလင်းအရှေ့ခြမ်းကို ယူဖို့လည်းပါနိုင်တယ်။မနေ့က ဒိုးပင်နားမှာရှိ နေတာ။တောင်ဘက်ဆင်းပြီး ကောလင်းအ ရှေ့ခြမ်းကိုဝင်မလား၊ဝန်းသိုဘက်သွားပေါင်းမလားကို ကြည့်ရမှာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်နဲ့ ထီးချိုင့်ကို ထိုးစစ်ဆင်လာတဲ့စစ်တပ်ဟာ အင်အား၅၀၀ခန့်ရှိကာ သေဆုံးနဲ့ ဒဏ်ရာရသူ ၂၀၀ ခန့်ရှိပြီး လူနာအများအပြားနဲ့ ပြန်ဆုတ်သွားတာလို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ အောက်တိုဘာလဆန်းကတိုက်ပွဲတွေမှာ တပ်စွဲခဲ့တဲ့ နန့်သဲ၊မဲဇာဒေသတွေကပါ ပြန်ဆုတ်သွားပြီး ဒေသခံတွေကျေးရွာတွေအတွင်း ပြန်ဝင်နေကြပြီလို့ သိရပါတယ်။ ‌

ဒေသခံတွေပြန်လည်ဝင်ရောက်စဉ်မှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ရုပ်အလောင်းအများအပြားကို တွေ့ရှိခဲ့ရပြီး မီးရှို့ရှင်းလင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

အင်းတော်နဲ့ဝန်းသိုမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်လည်း ဝန်းသိုမြို့နယ်၊ဂျိုး တောင်ကျေးရွာမှာ တိုက်ခိုက်ခံရပြီး ဝန်းသိုမြို့က စစ်ကူထွက်လာတဲ့ စစ်ကြောင်းပါ တိုက်ခိုက်ခံရကာ အင်းတော်မြို့နယ်ဘက်က စစ်ကြောင်းနဲ့ ပြန်ပေါင်းခဲ့တာပါ။

အဲဒီစစ်ကြောင်းတွေကို တပ်မ(၃၃)က ဦးစီးခဲ့ပြီး အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် အများအပြား ပျက်စီးခဲ့ပါတယ်။

ကောလင်း၊ဝန်းသို၊အင်းတော်၊ ထီးချိုင့်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook