သတင်း ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်အသိအမှတ်ပြုရေး ဩစတြေးလျရောက် မြန်မာတွေတောင်းဆိုဆန္ဒပြ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း ရန်ကုန်မှာ စက်တင်ဘာ ၂ပတ်အတွင်း ဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော်ရှိ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း မင်းတုန်းမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအ၀င်ပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း မန္တလေးမြို့လယ်မှာ ဓါးပြတိုက်ခံရ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း နန်းမယ်ခုံမြို့အနီးကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ၊ အရပ်သားတချို့ ထိခိုက်သေဆုံး ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း စစ်တပ်လက်နက်ကြီးကြောင့် စဉ့်ကူးကစစ်ရှောင်လင်မယားနှစ်ဦးဒဏ်ရာရ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း ရန်ကုန် မြို့နယ်လေးခုမှာ လေပြင်းကြောင့် သစ်ပင်တွေလဲ ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း စစ်ကိုင်းမှာ ရာသီဥတု ပူပြင်းမှုကြောင့် စစ်ရှောင်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း အရပ်သားပြည်သူတွေကို စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ AAထုတ်ပြန် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း ဗန်းမော် ကောင်ဂျာယန်တိုက်ပွဲ KIA ပူးပေါင်းတပ်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၃၀ ကျော်ရှိလာ စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ် ludunwayooစက်တင်ဘာ 15, 2026