နိုဝင်ဘာ – ၅ ၊၂၀၂၆
မန္တလေးမြို့မှာ လူအသွားအလာ စည်ကားတဲ့နေရာမှာ ရှိတဲ့ ချမ်းအေးသာစံမြို့နယ်ထဲက ဖုန်းဆိုင်တစ်ဆိုင်ကို မနေ့ ( နိုဝင်ဘာလ ၄ ရက်) ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်နဲ့ ဝင်ရောက်လာပြီး လုယက်မှု ကျုးလွန်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မနေ့ ည ၅ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ် ၊ ၅၈ လမ်းနဲ့ ၃၂ လမ်းထောင့်မှာရှိတဲ့ “Lwin” ဖုန်းဆိုင်ကို ဆိုင်ကယ်နဲ့အမျိုးသားတစ်ဦး ရောက် လာပြီး သေနတ်နှစ်ချက်ပစ်ဖောက်ကာ ဖုန်းလေးလုံး လုယက်သွားတာပါ။
ပစ်ခတ်မှုတော့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့သိရပါတယ်။

Public Service Announcement
လုယက်မှုဖြစ်တဲ့အချိန်ဟာရုံးဆင်းချိန်လည်းဖြစ်ပြီးလူအသွားအလာမပြတ်ချိန်လည်းဖြစ်ပါတယ်။
လုယက်ခံရတဲ့ဖုန်းအရောင်းဆိုင်ဟာရဲအရာရှိဟောင်းတစ်ဦးဖွင့်လှစ်ထားတဲ့ ဆိုင်လည်းဖြစ်ပါတယ်။




















































