Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်လာတဲ့ တပ်မ(၉၉) ယာဉ်တန်းနဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ကနေ ပေါက်မြို့နယ် လာတဲ့ စစ်တပ်ရဲ့ တပ်မ(၉၉) ယာဉ်တန်းနဲ့စစ်ကြောင်းတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး LDFအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နို၀င်ဘာ-၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ကနေ ပေါက်မြို့နယ် လာတဲ့ စစ်တပ်ရဲ့ တပ်မ(၉၉) ယာဉ်တန်းနဲ့စစ်ကြောင်းတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး LDFအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ် အခြေစိုက် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) ကနေ စစ်ယာဉ်တန်းနဲ့စစ်ကြောင်းတွေက အောက်တိုဘာ ၂၇ ရက် နေ့လယ်ကစပြီး ပေါက်မြို့နယ်ဘက်ကို ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထွက်လာတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းနဲ့ ယာဉ်တန်းကို ချောင်းဆုံလမ်းခွဲနားမှာ စတင်မိုင်းဆွဲခဲ့ပြီး အောက်တိုဘာ ၂၉ ရက်အထိ ၃ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွေအတွင်း စစ်တပ်က စစ်ကား ၁စီး ပျက်စီးပြီး ထိခိုက်သေဆုံးသူ ၂၀ ၀န်းကျင်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်သား‌တွေ သေဆုံးထိခိုက်မှုတွေကို လူထုနွေဦး အနေနဲ့ သီးခြားအတည်ပြုမရသေးပါဘူး။

တိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပကဖ၊ ပေါက် တောင်ပိုင်း YRF အဖွဲ့၊ ပခုက္ကူ ခရိုင် တပ်ရင်း (၁၂)တို့နဲ့ ပူးတွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး LDFအဖွဲ့က ဆိုပါတယ်။

“ထိတာတွေတော့ ကပစ(၂၄)ကို ပြန်သယ်တယ်လို့ ထောက်လှမ်းရထားတယ်။ယာဉ်တန်းနဲ့စစ်ကြောင်းက ဒီနေ့ ကပစ(၂၄)ကို ရောက်သွားပြီ။ကားက ၂၉ စီး။ တပ်သားက စုစုပေါင်း ၃၀၀ လောက်ပါမယ်”လို့ တိုက်ခိုက်မှုမှာပါ၀င်ခဲ့တဲ့ ပေါက်မြို့နယ်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီယာဉ်တန်းနဲ့ အင်အားတွေဟာ ပေါက်မြို့နယ် ကပစ (၂၄ )ကို အင်အားဖြည့်ပြီး ပေါက်မြောက်ပိုင်းက ပြည်သူ့စစ်ရွာ တွေကို ရိက္ခာဖြည့်တာ နဲ့ စစ်ရေးပြင်းထန်နေတဲ့ ဆောမြို့နယ်ဘက်ကို စစ်ကူထပ်ဖြည့်နိုင်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ကနဦး သုံးသပ်ထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်ကချင်းပြည်နယ်တောင်ပိုင်း ထိုးစစ်အတွက် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄)မှာ အင်အားစုဖွဲ့ခဲ့ပြီး အဲဒီကနေ ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook