နို၀င်ဘာ-၄၊၂၀၂၆။မိုမို/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်က အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီး ၁ဦးကို ဖမ်းမိတယ်လို့ ရေးဘီလူးတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
တပ်ကြပ်ကြီး ကျော်သူ၀င်းကို ဒီကနေ့(နို၀င်ဘာ ၄ ရက်)ညနေ ၅ နာရီ၀န်းကျင်မှာ အမြောက်တပ် (၃၁၆) အနီးမှာ လက်ပစ်ဗုံး ၁လုံးနဲ့အတူ ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။
” တပ်ထဲကလမ်းကင်းအသွားမှာ ဖမ်းတာပါ။အရှင်ဝင်ဖမ်းတာ”လို့ ရေးဘီလူးတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
(၃၉)နှစ်အရွယ် တပ်ကြပ်ကြီး ကျော်သူဝင်းကို ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို ထိန်းသိမ်းထားဦးမယ်လို့ သူက ဆိုပါတယ်။
မနေ့က နေ့လယ်ပိုင်းကလည်း ရေးမြို့တံတားစစ်ဆေးရေးကင်းဂိတ်စခန်းက စစ်တပ် ဗိုလ် ၁ ဦးနဲ့ စစ်မှုထမ်း ၁ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက အသိပေးထားပါတယ်။သူတို့ ၂ဦးပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါးတချို့ ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေးဘီလူးတပ်ရင်းက ရေးမြို့နယ်အတွင်း စစ်တပ်အခြေစိုက်ရာ စခန်းတွေနဲ့ ရေးမြို့နယ်နဲ့ကပ်လျက်ရေဖြူမြို့နယ်က စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆(နဲ့ (၃၁၇)တပ်ရင်း တွေရှိပါတယ်။
စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။




















































