Hi, what are you looking for?
အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေလန်ကျပြီး အထိနာနေချိန်မှာ AA သိမ်းပိုက်ထားတဲ့ဒေသတွေက ဈေးတွေ၊တံတားတွေ၊စစ်ရှောင်စခန်းတွေ ၊ဆေးခန်းတွေ၊နေအိမ်တွေကိုပါ ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ...
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာမလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက NUG ယာယီသမ္မတ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ဆီကိုနိုဝင်ဘာ၁၉ရက်နေ့စွဲနဲ့တိုင်ကြားစာပေးပို့ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေး PDF ကဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ချောက်မြို့မှာ စစ်ကောင်စီအဓိကထောက်တိုင်ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ပစ်ခတ်ရှင်းလင်းမှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် နှစ်(၂၃၀)ကျော် ချမှတ်ခံထားရတဲ့ မြို့ပြပြောက်ကျားရဲဘော်ကို ထောင်ပို့ဆောင်စဉ်မှာ PDF၊ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရုပ်ရှင်ဆန်ဆန်ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ်။