Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါဝင်ကြဖို့ ကသာပအဖ မေတ္တာရပ်ခံ

အာဏာသိမ်းစစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါဝင်ကြဖို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မှာ မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ-၂၁၊ ၂၀၂၅။ ပုရစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါဝင်ကြဖို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မှာ မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အခုအခါ စစ်တပ် လက်ပါးစေလက်ကိုင်တုတ်တွေက ပြည်သူကို ငဲ့ညှာမှုမှရိဘဲ စစ်တပ် ထွက်ပေါက်ရစေဖို့ ဆောင်ရွက်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒမပါဘဲ ပြုလုပ်ဖို့ ကြံစည်နေလို့ အခုလို ပန်ကြားချက် ထုတ်ပြန်ရတာလို့ အသိပေးပါတယ်။

စစ်တပ်ယုတ်မာတာကို ပြည်သူများ သိပြီးဖြစ်လို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှာ လက်သန်းသွေးစွန်းမခံဘဲ ပါဝင်းခြင်းမပြုဖို့ ပန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက် သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေကို မီးရှို့ဖျက်စီးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ ကသာမြို့နယ်အတွင်းမှလြည်း အရပ်သား ပြည်သူလူထု ထိခိုက်သေဆုံးတာ အပြင် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေသလို တဖက်မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး မြေပြင်ထိုးစစ်ဆင်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်သက်ဆိုးရှည်စေရေး ကြိုးပမ်းမှု ဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ခြင်းမပြုရန်၊ နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာတည်မြဲရေးနဲ့ စစ်ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတိုအတွက် ရည်ရွယ်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ အဲဒီ ရွေးကောက်ပွဲက တဆင့် ပေါ်ထွက်လာမယ့် အမည်ခံရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်း သဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

သမိုင်းတရားခံမဖြစ်ဖို့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၂၀ရက်မှာ ထပ်မံ နှိုးဆော်လိုက်ပြီး ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် လွတ်လပ်မှုမရှိ၊နိုင်ငံတကာအသိမှတ်မပြုသော ထောင်ချောက်ဆင် အတုအယောင် ရွေးကောက်ပွဲကို ကော်သူးလေနဲ့ မြန်မာတပြည်လုံးရှိ တိုင်းရင်းသားပြည်သူလူထု အားလုံး ကန့်ကွက်ဆန့်ကျင်ကြဖို့ အခုလို နှိုးဆော်ခဲ့တာပါ။

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေတဲ့ အချက် ၅ချက်ကိုလည်း KNUက ဖော်ပြခဲ့ပါတယ်။

အဲဒါတွေကတော့ ‘ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိ’ သောသူပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း၊ ‘ဥပဒေကြောင်းအရ တရားမဝင်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုဆန္ဒမပါ/ပြည်သူလူထုသဘောနဲ့ကိုက်ညီမှုမရှိသောရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ကြောင်း ဖော်ပြသလို ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ KNUကထုတ်ပြန်ခဲ့ပါတယ်။

(ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်မှာ မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – GSCB)

ဆက်စပ်သတင်းများ