Connect with us

Hi, what are you looking for?

သတင်း

ပေါက်အရှေ့မြောက်ခြမ်းတိုက်ပွဲ စစ်သားသုံးဦး အရှင်ဖမ်းမိ၊ သေဆုံးရုပ်အလောင်းတွေပါ တွေ့တယ်လို့ မြိုင်ပကဖ ပြော

မကွေးတိုင်း၊ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦး အရှင်ဖမ်းမိကာ သေဆုံးတဲ့ရုပ်အလောင်းတွေပါ တွေ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(နိုဝင်ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်နက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြိုင် ပကဖ

နိုဝင်ဘာ-၂၁၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦး အရှင်ဖမ်းမိကာ သေဆုံးတဲ့ရုပ်အလောင်းတွေပါ တွေ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(နိုဝင်ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

မြိုင် ပကဖ ၊ ပေါက် ပကဖ၊ MGY- PDF တပ်နဲ့ မဟာမိတ်တွေပူးပေါင်းပြီး မြိုင်ကနေ ပေါက် မြို့နယ်ဘက် စစ်ကြောင်းထိုးလာစဥ် ထပေါက်ကုန်းရွာ၊ ချိုင်စောက်ရွာ၊ ဖလံကိုင်းရွာ၊ ကျောက်တိုင်ခင်ရွာ နဲ့ ညောင်စင်တောတိုက်တွေမှာ လိုက်လံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီတပ်သား အရှင်သုံးဦးဖမ်းဆီးရမိပြီး သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းတွေကို ဖြစ်သလို မြှပ်နှံသွားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အထိနာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မြိုင် နဲ့ ပေါက်မြို့နယ်တွေကို လေကြောင်းကနေ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာအပြင် ဂျက်ဖိုက်တာနဲ့ပါ နေ့ရောညပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ လောလောဆယ် ပေါက်မြို့နယ်ထဲမှာ စစ်ကြောင်းသုံးကြောင်းဝင်နေတယ်။တကြောင်းက မြိုင်မြို့ စက်မှု(၂)ကနေ ထွက်လာပြီး ပေါက် မြို့နယ် ဆေးပင်ကြီးရွာကနေ ပေါက် မြောက်ပိုင်းကို ဦးတည်နေတာရှိတယ်။နောက်ထပ်နှစ်ကြောင်းက ကပစ(၂၄)ကနေ ထိုးတာ” လို့ ပေါက်ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကြောင်းတွေ ကြောင့် စစ်ရေးသတိ သတိထားဖို့ နဲ့ လေကြောင်း အန္တရာယ်ကို ဂရုစိုက်ဖို့ ကာ ကွယ်ရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

အခု နိုဝင်ဘာ ၅ ရက်က ပေါက်တောင်းပိုင်းက စစ်ကောင်စီတပ်ထောက်ခံတဲ့ ဝန်ကျုံးနဲ့ သစ်ချိုကုန်းပျူစောထီး ကျေးရွာတွေကို ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး ပင်တောင်ပျူစောထီးရွာကို တိုက်ခိုက်စဥ် စစ်ကောင်စီတပ် စစ်ကူအင်အားအများအပြား ရောက်ရှိလာတာကြောင့် ဆုတ်ခွာခဲ့တယ် လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က မြိုင်မြို့နယ် တောင်ဘက်ခြမ်းက တပ်မတော်အကြီးစားစက်ရုံ (စက်မှု-၂)က ထွက်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်ရာ တစ်ဦးသေပြီး တစ်ဦး ဖမ်းမိကာ လက်နက်တစ်လက်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ