Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့က မိန်းကလေးငယ်ကားတိုက်ခံရမှု ကျူးလွန်သူပျူစောထီးဖြစ်လို့ စစ်တပ် အရေးမယူ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသမီးငယ်ကို ကားနဲ့တိုက်ကာ ဒဏ်ရာနဲ့စွန့်ပစ်သွားတဲ့ ပျူစောထီးဟာ အချင်းချင်းသတ်ဖြတ်ခံခဲ့ရသူ ကိုအောင်ခန့်အဖွဲ့ဝင်ကားဖြစ်နေလို့ ဒီကနေ့အထိ စစ်တပ်က အရေးယူမှုမလုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ထက်ဝေယံနဲ့ ပျူစောထီးတွေကိုတွေ့ရပုံ

နိုဝင်ဘာ-၂၁၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသမီးငယ်ကို ကားနဲ့တိုက်ကာ ဒဏ်ရာနဲ့စွန့်ပစ်သွားတဲ့ ပျူစောထီးဟာ အချင်းချင်းသတ်ဖြတ်ခံခဲ့ရသူ ကိုအောင်ခန့်အဖွဲ့ဝင်ကားဖြစ်နေလို့ ဒီကနေ့အထိ စစ်တပ်က အရေးယူမှုမလုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခင်းဖြစ်နေရာမှာ ဒဏ်ရာရတဲ့အမျိုးသမီးကို ကူညီရေးသမားတွေက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ -နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

“ အဲဒီ ကားတိုက်မှုဖြစ်စဉ်ဖြစ်ပြီးတော့ ထက်ဝေယံဆိုတဲ့ ကောင်က ခဏပျောက်သွားတ‌‌ယ်။တပတ်လောက်ပဲ ပြန်ပေါ်လာပြီး ငါရှိသေးတယ်ဆိုပြီး တစ်တော့မှာပါတင်ခဲ့ သေးတယ်။ကားတိုက်တဲ့ အမှုကတော့ ညှိုလိုက်တယ်ကြားတယ်။ဆေးရုံကြီး မှုခင်းဌာနကလည်း လဘ်စားတာ နာမည်ကြီးဆိုတော့ အတိုက်ခံရတဲ့ ကောင်မလေးကို ရဲစာ သေချာ ရေးမပေးတာ။ဘယ်လောက်နဲ့ဘယ်လိုပြီးသွားလဲတော့မသိဘူး။အခုအဲ့ ကောင်တွေပြန် ဇောင်းကြွနေတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက် ည၇ နာရီခန့်မှာ ပုသိမ်ကြီးမြို့အ‌‌ဝင်နာရီစင်အနီး အမျိုးသမီးငယ်ကိုကားနဲ့တိုက်ပြီး ထွက်ပြေးစဉ် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ ကားအောက်ကို ပါသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီကားဟာ အရှိန်နဲ့ မောင်းသွားပြီး လမ်းသွားလာသူ တွေကိုပါ တိုက်မလိုဖြစ်သွားကြ သေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီကားဟာ အဆုတ်ဆေးရုံအနီးကားခဏရပ်ကာ ပါလာတဲ့ ကားနဲ့တိုက်မိပြီး ကားအောက်ပါလာတဲ့အမျိုးသမီးကို ကားပေါ်တင်ခဲ့ပြီး ကံကောက်ရွာထဲက အထည်ချုပ်စက်ရုံအနီးမှာ ဒဏ်ရာတွေနဲ့ စွန့်ပစ်ခဲ့တာပါ။

တိုက်သွားတဲ့ ကားဟာ 3J -1013ယာဉ်နံပတ်နဲ့ Mark X ကားဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောဆိုပါတယ်။

အဲဒီကားဟာ မန္တ လေးမြို့၊ပုသိမ်ကြီးမြို့နယ်က ပျူစောထီးတွေ ဂျင်ဝိုင်းသွားချိန်၊ပေါ်တာဆွဲ ကင်းလှည့်ချိန်တို့မှာ အသုံးပြုတဲ့ကားဖြစ်ပြီး ရှင်မင်းကြီးဒူးရှည်ဆိုတဲ့ TikTok အကောင့်ပိုင်ရှင် ထက်ဝေယံက အသုံးပြုတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူဟာ ပုသိမ်ကြီးမြို့နယ်၊ဂျင်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို ဦးဆောင်နေသူ ပျူစောထီးတဦးဖြစ်ပါတယ်။

ထက်ဝေယံဆိုသူရဲ့ ခေါင်းဆောင် အောင်ခန့်ဟာ အောက်တိုဘာ၂၇ ရက်က ပျူ စောထီးအချင်းချင်းလုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ