Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲကို အ​မေရိကန်အစိုးရက

မြန်မာနိုင်ငံမှာစစ်တပ်ကလုပ်မယ့်​ရွေး​ကောက်ပွဲကို အ​မေရိကန်အစိုးရကအတိအလင်းရှုတ်ချဖို့လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ပါတယ်။

လွှတ်​တော်အတွင်း မြန်မာ့အ​ရေးကြားနားပွဲပြုလုပ်စဥ်။ဓါတ်ပုံ-HFAC

ရှုတ်ချဖို့ ကန်လွှတ်တော်အမတ်တွေ တိုက်တွန်း

နိုဝင်ဘာ-၂၁၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာစစ်တပ်ကလုပ်မယ့်​ရွေး​ကောက်ပွဲကို အ​မေရိကန်အစိုးရကအတိအလင်းရှုတ်ချဖို့လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်တွင်း နိုဝင်ဘာ၁၉ ရက်​နေ့မှာလုပ်ခဲ့တဲ့ ကြားနာမှု အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော် အမတ်တချို့က ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် အမတ်တွေဖြစ်တဲ့ အမီဘီရာ၊ ယန်ကင်မ်၊ ဆစ်ဒနီ ကမ်လာဂါ ဒို့ဗစ်နဲ့ ဘီလ် ဟွိုင်ဇင်ဂါတို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီ ကြားနာမှုအစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုတွေကို ပါတီစွဲတွေ မပါဘဲ လွှတ်တော် တစ်ရပ်လုံးက အားကောင်းတဲ့ ထောက်ခံမှုမျိုး ပြသခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ်ကို အားပေး ထောက်ခံကြောင်းပြသမှု တစ်ခုအဖြစ် အမေရိကန် အစိုးရ အနေနဲ့ မကြာခင်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကကြီးမှူးကျင်းပမယ့်ရွေးကောက်ပွဲကိုအတိအလင်းရှုတ်ချဖို့လည်း လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင် တစ်ခုသာ ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

လွှတ်တော်အမတ်တွေကအမေရိကန်အစိုးရ အနေနဲ့ မြန်မာ့ အကျပ်အတည်းကို အမေရိကန်က ထိတွေ့ ကိုင်တွယ် ဖြေရှင်းရာမှာ ပိုမို ထိရောက်စေမယ့် အထူး ကိုယ်စားလှယ်တစ်ဦးခန့်ထားဖို့လည်း သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို နိုင်ငံတကာ အသိုက်အဝန်းက ဆက်လက် အကူအညီ ပေးနေကြဖို့လည်း လွှတ်တော် အမတ်တွေက အားပေး အကြံပြုထားပါတယ်။

အမေရိကန်ဟာ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ၊ ဒီမိုကရေစီ အနာဂတ်တွေကို အပူတပြင်း တောင့်တလိုလားနေတဲ့ မြန်မာပြည်သူ တစ်ရပ်လုံးနဲ့ အတူဆက်လက် ရပ်တည်နေဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ အ​မေရိကန်အစိုးရနဲ့လွှတ်​တော်က သူတို့အ​ပေါ် ဆက်ဆံ​ရေး​ကောင်းလာဖို့ ​ဒေါ်လာသန်း​ပေါင်းများစွာ နိုင်ငံ့ ဘဏ္ဍာ​ငွေ​တွေအကုန်အကျခံပြီး ​လော်ဘီကုမ္ပဏီ​တွေငှားရမ်းထားတာဖြစ်ပါတယ် ။ဒီလို​လောဘီ​တွေ ​ငှားရမ်းထားတဲ့ကြားထဲက လွှတ်​တော်ကြားနားပွဲ စစ်အုပ်စုရဲ့ကျူးလွန်မှု​တွေကို အ​မေရိကန်လွှတ်​တော်အမတ်​တွေက ​ကောင်း​ကောင်းသိပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ကိုးကား-US House of Representatives

ဆက်စပ်သတင်းများ

Facebook