သတင်း အုပ်ချုပ်ရေးမှူးသတ်မှုဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရသည့်တပ်သားက KNLAထံ အလင်းဝင်လာ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး သတ်ပြီးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံရပြီးနောက် စစ်သားသစ်အဖြစ် စုဆောင်းခံရသည့် တပ်သားသစ် ကိုခန့်ဝင်းနိုင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။ ludunwayooမေ 25, 2025
သတင်း ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ဗျူဟာကုန်းစခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက် စခန်းသိမ်းအပြီးရှင်းလင်းစဉ် ဒီးမော့ဆိုPDF ဒုတပ်ရင်းမှူးဟင်နရီလုအောင် လက်နက်ကြီးထိမှန် ကျဆုံး ludunwayooမေ 25, 2025
သတင်း ဝိုင်းမော်နှင့် ဖားကန့်ဒေသတိုက်ပွဲ ဆက်ဖြစ်နေ၊ စစ်ကောင်စီတပ် အထိနာဟု ဆို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။ ludunwayooမေ 25, 2025
သတင်း စစ်အုပ်စုက အလုံးစုံဖျက်ဆီးခြင်း မဟာဗျူဟာကို ကျင့်သုံးနေပြီး အရပ်သားပစ်မှတ်များအား ခွဲခြားမှုမရှိဘဲ အကြမ်းဖက်နေဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော အာဏာသိမ်းစစ်အုပ်စုက အလုံးစုံဖျက်ဆီးခြင်း မဟာဗျူဟာကို ကျင့်သုံးနေပြီး အရပ်သားပစ်မှတ်များအား ခွဲခြားမှုမရှိဘဲ အကြမ်းဖက်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလမသဂ္ဂလုံခြုံရေးကောင်စီ၌ အသိပေးပြောကြားသည်။ ludunwayooမေ 25, 2025
သတင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ Khaosod သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။ ludunwayooမေ 25, 2025
သတင်း စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းမှာ တောင်းဆိုဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၄)မှာ စစ်ကောင်စီကို ILO ရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooမေ 25, 2025
သတင်း အမြန်လမ်း တောင်ငူလမ်းပိုင်းအနီး နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ ludunwayooမေ 25, 2025
သတင်း ဘလယ်ဒို စစ်ကောင်စီစခန်း KNU ပူးပေါင်းတပ် သိမ်းပိုက်မှု စစ်သုံ့ပန်းများစွာ ဖမ်းမိဟုဆို၊ လက်နက် အလက် ၇၀ကျော် ရရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်း သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း ကရင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ludunwayooမေ 25, 2025
သတင်း ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ မဖြစ်မနေကျင်းပမယ်လို့ အာဏာ သိမ်း စစ်ခေါင်းဆောင် ပြော လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က မေလ ၂၃ ရက် မှာ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့ ၊ တြိဂံတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ထပ်မံပြောကြားလိုက်ပါတယ်။ ludunwayooမေ 25, 2025
သတင်း စလင်းမြို့ပေါ်ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖ စီးနင်းတိုက်ခိုက် မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။ ludunwayooမေ 25, 2025