မေ ၂၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၄)မှာ စစ်ကောင်စီကို ILO ရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ လူငယ့်အားမာန်သပိတ်စစ်ကြောင်းက ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
လာမယ့် ဇွန်လ၂/၃ ရက်နေ့ မဲခွဲဆုံးဖြတ်မယ့် အစည်းအဝေးမှာ စစ်ကောင်စီအားအရေးယူနိုင်ရေး “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
