Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံ

ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ Khaosod သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

ထိုင်းဘက်ခြမ်း ထွက်ပြေးခိုလှုံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - Khaosod English၊ MATICHON ONLINE

မေ-၂၄၊ ၂၀၂၅။ People’s Spring

ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ Khaosod သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ခြမ်းကို ဒီနေ့ ခိုလှုံခွင့်တောင်းခံခဲ့ပြီး လက်နက်ဖြုတ်သိမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဆိုပါတယ်။

ထိုင်းဘက်ခြမ်း ထွက်ပြေးခိုလှုံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ – Khaosod English၊ MATICHON ONLINE

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦးအနက် ၁၁ဦးမှာ ထိခိုက်ဒဏ်ရာရရှိပြီး ၄ဦးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးခဲ့တယ်လို့ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာသူတွေက ထွက်ဆိုတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တာ့ခ်ခရိုင် ဖော့ဖရာ့မြို့ ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဘလယ်ဒိုတပ်စခန်းသိမ်းပိုက်မှုမှာ တော်လှန်ရေးပူးပေါင်းတပ်က လက်နက်အလက် ၇၀ ကျော်၊ ခဲယမ်းများစွာနဲ့ စစ်သုံးပန်းတွေကို ဖမ်းမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

နိုင်ငံတကာ

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။