Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နှင့် ဖားကန့်ဒေသတိုက်ပွဲ ဆက်ဖြစ်နေ၊ စစ်ကောင်စီတပ် အထိနာဟု ဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

မေ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဝိုင်းမော် လမြန်ရွာ နှင့် ခတ်ချိုရွာတွင် ယနေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အလောင်းနှင့် လက်နက်အချို့ ရရှိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က နှစ်ကြိမ်ပေါ့ တိုက်ပွဲဖြစ်တာ။ ဝိုင်းမော် လမြန်အဲဒီဘက်မှာ။ စခတွေက ထိုးစစ်ဆင်လာတာ။ အဲဒီ ဆဒုံး-ကန်ပိုက်တည် လမ်းဘက်ပေါ့။ ဝိုင်းမော်အထွက် ကန်ပိုက်တည်ဘက်အထွက်ပေါ့” ဟု ယမန်နေ့ ဝိုင်းမော်ဒေသ တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးခဲ့ဟု ပြောပြပြီး ယနေ့ မေလ ၂၄ရက် ဝိုင်းမော်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်အထိနာခဲ့ဟုဆိုသည်။

“အလောင်းတွေကတော့ မနေ့ညက အကုန်လုံးသူတို့ ဆွဲသွားတယ်။ ဒီမနက်သွားကြည့်တော့ အလောင်းတွေ မရှိတော့ဘူး။ ဒီမနက်လည်း ၅နာရီခွဲလောက်ပေါ့ သူတို့ လမြန်ထဲမှာ စုနေကြတာ အဲဒါ ကျနော်တို့လည်း လက်နက်ကြီးတွေ ပစ်ထည့်လိုက်တော့ သူတို့ တော်တော်ထိသွားတယ်“ ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဖားကန့်လမ်း၌ တိုက်ပွဲ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ဟု ပြောသည်။

“ဖားကန့်လမ်း ဒီနေ့ တိုက်ပွဲဖြစ်တာ နမ့်တိန်မရောက်ခင် ပျားအုံလို့ခေါ်တယ် အဲဒီနား တိုက်ပွဲဖြစ်တာ စခတွေ အတော်အထိနာတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် အင်အားအလုံးအရင်းဖြင့် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ KIA ပူးပေါင်းတပ်ကလည်း ခုခံတိုက်ခိုက်နေပြီး မေလအတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

ကချင်ဒေသ စစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ညပိုင်း၌ ဆက်သွယ်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။