Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ဗျူဟာကုန်းစခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

စခန်းသိမ်းအပြီးရှင်းလင်းစဉ် ဒီးမော့ဆိုPDF ဒုတပ်ရင်းမှူးဟင်နရီလုအောင် လက်နက်ကြီးထိမှန် ကျဆုံး

DMO Local PDF တပ်ရင်း (၂)ဒုတပ်ရင်းမှူး ဟင်နရီလုအောင်၏ စျာပနအခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ − DMO Local PDF

မေ ၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း (၂)ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ကျဆုံးခဲ့ရသည်။

မေလ ၂၃ရက်က တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် DMO Local PDF တပ်ရင်း (၂)ဒုတပ်ရင်းမှူး ဟင်နရီလုအောင်၏ စျာပနကို ယနေ့ (မေလ ၂၄ ရက်) ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။

“မနေ့က စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရင်းနဲ့ လက်နက်ကြီးထိတာ”ဟု DMO Local PDF တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ကျဆုံးခဲ့ရသည့်အခြေအနေကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စျာပနအခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO Local PDF)တပ်ရင်းတပ်ဖွဲ့မှ ရဲဘော်ရဲမေများ၊ ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်စစ္စတရ်များမှ လာရောက် ဆုတောင်းဂါရဝပြုခဲ့သည်။

ဟင်နရီလုအောင်သည် ဒုတပ်ရင်းမှူးအဖြစ်သာ တာဝန်ခံထားသော်လည်း အမှန်တကယ် တပ်ရင်းမှူး တာဝန်ဖြင့်မခြားဘဲ ဦးဆောင်နိုင်စွမ်းကောင်းမွန်သူနှင့် ရဲဘော်များကို ငဲ့ညှာတက်သူအဖြစ် ၎င်းက ဆက်ပြောသည်။

လက်ရှိ ဘောလခဲမြို့နယ်တွင် စစ်ရေးအရအရေးပါသည့် စစ်ကောင်စီ၏ ကာကင်းများ၊ဗျူဟာကုန်းစခန်းများကို ကရင်နီတပ်ပေါင်းစုဘက်က ထိုးစစ်ဆင်သိမ်းပိုက်နေသည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။

“ဗုံးသီးတွေက မိုးရွာသလိုကျလာတော့ ထိခိုက်မှုနည်းနည်းများတယ်။လေကြောင်းကနေလည်းတိုက်ခိုက်ခံနေရတော့ပိုဆိုးတယ်”ဟု ၎င်းက ပြောသည်။

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းငါးခုသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေပြီး သုံ့ပန်းအချို့ဖမ်းမိခဲ့သည်။ ထို့အပြင် လက်နက်မျိုးစုံ ၄၀နှင့် ခဲယမ်းများရရှိသည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဧပြီ ၂ရက်တွင် ကြေညာထားသည်။

ကရင်နီစစ်ဘက်သတင်းများအရ ဘောလခဲမြို့ပြင်ပ၌ မိုင်ထမ်းကာကင်းစခန်း ကျန်ရှိနေသေးသည်။

ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀)နှင့် ခလရ (၃၃၇)တပ်ရင်းတို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂) လက်အောက်ခံတပ်ရင်းအချို့ အင်အားဖြည့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီခဲ့သည်။

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့ရှိ စစ်တပ်၏ရေနီပေါက်ဗျူဟာစခန်းကုန်းကိုရရှိပြီဖြစ်ကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။