Connect with us

Hi, what are you looking for?

သတင်း

ဘလယ်ဒို စစ်ကောင်စီစခန်း KNU ပူးပေါင်းတပ် သိမ်းပိုက်မှု စစ်သုံ့ပန်းများစွာ ဖမ်းမိဟုဆို၊ လက်နက် အလက် ၇၀ကျော် ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်း သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း ကရင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအားတွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column

မေ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်း သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း ကရင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဘလယ်ဒိုစခန်းကို မေလ ၂၃ရက်တွင် သိမ်းပိုင်နိုင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ညတွင် အသိပေးထားပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်း ရရှိမှု အရေအတွက် အသေးစိတ် ဖော်ပြမထားပေ။

သို့သော် ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ဖမ်းမိရရှိမှု ရှိ၊ မရှိ ကရင်ဒေသ သတင်းရင်းမြစ်အား မေးမြန်းရာ “ဖမ်းမိတာရှိတယ်။ လက်နက်ချ အလင်းဝင်တာတို့ ဘာတို့ အကုန်လုံး အယောက်က များတယ်” ဟု ပြောပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိအရေအတွက် အတိအကျကို သတင်းရင်းမြစ်က ပြောကြားခြင်းမရှိသော်လည်း ဖမ်းမိသူ အရေအတွက်များပြားကြောင်း ၎င်းက ဆိုသည်။

“နယ်စပ်မှာရှိတဲ့ တပ်စခန်းတွေအားလုံးကတော့ ရွှေ့ပြောင်းဖို့လိုအပ်တယ်။ မရွှေ့ဘဲ ဒီလိုပဲတောင့်ခံပြီးလုပ်မယ်ဆိုရင် KNU/KNLA အဖွဲ့ကတော့ ရှင်းလင်းဖို့တော့လိုအပ်တာပေါ့” ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ နယ်စပ်စခန်းအချို့ ကျန်နေသေးသည်ဟုလည်း ၎င်းကပြောသည်။ နယ်စပ်စခန်းအချို့ ကျန်သော်လည်း ထောက်ပို့လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားပြီးဖြစ်သည်ဟုဆိုသည်။

“ရန်သူက အကုန်ရှာမတွေ့သေးလို့ပါ။ လက်နက်ကို ရေ(ရေတွက်)ရင် အဖြေပေါ်မှာပါ” ဟု လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိနိုင်မှု အခြေအနေကို ကရင်တိုင်းရင်းသား သတင်းရင်းမြစ်က ပြောသည်။

ဘလယ်ဒိုစခန်းသိမ်းပိုက်မှုအတွင်း ရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ မှတ်တမ်းဓာတ်ပုံနှင့်ရုပ်သံအချို့ကိုလည်း သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့ရာ လက်နက်ကြီး လက်နက်ငယ် အလက် ၇၀ ကျော်သိမ်းပိုက်ရရှိထားသည်ကိုတွေ့ရသည်။

လက်နက်ကြီးမျိုးစုံ ၇လက်ထက်မနည်း၊ စက်သေနတ်ငယ်များအပါအဝင်လက်နက်ငယ်များစွာ၊ လက်နက်ငယ်ကျည်ဆံများနှင့် လက်နက်ကြီးကျည်အများအပြားနှင့် အခြား စစ်အသုံးအဆောင်များစွာကို KNU ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားသည်ကို ရုပ်သံ၌ တွေ့ရသည်။

အဆိုပါ ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များ ပူးပေါင်းဆင်နွှဲခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။