Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ မဖြစ်မနေကျင်းပမယ်လို့ အာဏာ သိမ်း စစ်ခေါင်းဆောင် ပြော

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က မေလ ၂၃ ရက် မှာ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့ ၊ တြိဂံတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ထပ်မံပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ

မေ – ၂၃ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က မေလ ၂၃ ရက် မှာ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့ ၊ တြိဂံတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ထပ်မံပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲ ဖြစ်အောင် အမြန်ဆုံးလုပ် ဆောင်နေပြီး နှစ်ကုန်ပိုင်းမှာ မဖြစ်မနေ ကျင်းပမယ်လို့ စစ်ကောင်စီခေါင်းဆောင်က သူရဲ့ တပ်ဖွဲ့ဝင်တွေ၊တပ်မိသားစုဝင်တွေ ကို ပြောတာပါ။

ယခင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှာကျင်းပမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ်လို့ စစ်ကောင်စီခေါင်းဆောင်ကပြောလာတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျ ကိုတော့ မနေ့က တြိဂံတိုင်းစစ်ဌာနချုပ် ကိုရောက်ရှိချိန်မှာ ထည့်မပြောသွားပါဘူး။

ရွေးကောက်ပွဲကို အီလက်ထရောနစ် မဲပေးစနစ်နဲ့ မဲပေးစေမှာ ဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ၊တပ်မိသားစုဝင်တွေအနေနဲ့ ဒေသ အကျိုး ၊ နိုင်ငံ အကျိုး လုပ်ဆောင်မယ့် ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အမိန့်ပေးခဲ့တာကို စစ်ကောင်စီ က ထုတ်ပြန်တဲ့သတင်းတွေအရသိရပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးသွားရင်လည်း လွှတ်တော်တွေ ခေါ်​ယူနိုင်အောင်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို အကြားအလပ်မရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ်လို့ကြွေးကြော်ခဲ့ဖူးပေမယ့် နယ်မြေဆုံးရှုံးမှုတွေ များလာချိန်မှာ တော့ ရွေးကောက်ပွဲကို ဒေသအလိုက်ခွဲပြီး ကျင်းပမယ်လို့ တဆင့်လျော့ ပြောထားခဲ့ပါတယ်။

အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ တစ်ရက်တည်းအပြီး ကျင်းပမလားဆိုတာကိုတော့ စစ်ကောင်စီက တရားဝင်ထုတ်ပြန်တာမရှိပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၁၆ ရက်က ထုတ်ပြန်တဲ့ စစ်ကောင်စီရွေးကောက် ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သတ်မှတ်ထားပြီးပြီလို့ ဖော်ပြပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ကြေညာချက်မှာ ထည့်သွင်းမထားပါဘူး။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကို လူထုထောက်ခံမှုအများရတဲ့ ပါတီ အနိုင်ရရှိတဲ့ “နိုင်သူအကုန်ယူ စနစ်” အစား ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီအလိုက် ရရှိတဲ့ မဲအရေအတွက်ပေါ်မူတည်ပြီး ကိုယ်စားလှယ်အချိုးကျ ရရှိမယ့် “အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ – PR)” နဲ့ ကျင်းပမယ်လို့ လို့ ပြောထားပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ က လက်မခံဘူးလို့ ကြေညာ ချက် အသီးသီးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီမှာ ရွေးကောက်ပွဲ ကျင်းပဖို့ တရားဝင်မှုမရှိသလို ၊ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း အတုအယောင်သာဖြစ်မယ်လို့ NUG ကဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီ အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ ကြံခိုင်ရေးပါတီ ၊ ကြံခိုင်ရေးနဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေ က စွပ်စွဲခဲ့ကြပါတယ်။

အဲဒီနောက် စစ်တပ်ကလည်း ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ရွေးကောက်ပွဲအပြီး သုံးလအကြာ ၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာ ရွေးကောက်ခံအရပ်သားအစိုးရ ကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တာပဲဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာတဲ့ လွှတ် တော် တွေ စတင်ခေါ်ယူတဲ့ နေ့လည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာအားနည်းချက်တွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကတော့ မဲဆန္ဒရှင်အများစုကြီးရဲ့သဘောထားနဲ့အညီရရှိခဲ့တဲ့ မဲရလဒ်တွေဖြစ်တယ်လ်ို့ အစီရင်ခံစာတွေထုတ်ပြန်ထားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး စွန့်လွှတ်တော့မယ့် အရိပ်လက္ခဏာတွေကို ထုတ်ဖော်ပြသလာပါတယ်။