နိုင်ငံတကာ ဘာတိုးတက်မှုမှ မရှိတဲ့ အခြေအနေမှာ အာဆီယံက စစ်ကောင်စီနဲ့ ပုံမှန်ပြန်ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ပြော အင်ဒို နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ မြန်မာ့အကျပ်အတည်းမှာ အာဆီယံက ထိထိရောက်ရောက် ဘာမှ မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ကြိုးစားအားထုတ်နေမှုတွေကိုတော့ လျှော့ချပစ်လိုက်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ LuduNwayOoမေ 12, 2023
နိုင်ငံတကာ ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော စစ်တပ် အာဏာသိမ်းမှုဆိုတာ ထပ်မရှိသင့်တော့ကြောင်း၊ အမှန်ဆိုရင် အာဏာသိမ်းတယ်ဆိုတဲ့ စကားတောင်မှာ အဘိဓာန်ထဲကနေ ပယ်ဖျက်သင့်တယ်လို့ သူယုံကြည်ကြောင်း နာရွန်ပန်က ဆိုပါတယ်။ LuduNwayOoမေ 12, 2023
နိုင်ငံတကာ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ပို့ဆောင်သွားမယ်လို့ ဗြိတိန် အတည်ပြု ယူကရိန်း လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆိုဗီယက်ခေတ်သုံး တိုက်လေယာဉ်တွေမှာ Strom Shadow ဒုံးကျည်တွေကို တပ်ဆင် ပစ်ခတ်နိုင်မှာဖြစ်ပြီး အဲဒီလို ပြောင်းလွယ်ပြင်လွယ် အခြေအနေကို လက်တွေ့ ဖန်တီးပေးခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ နည်းပညာရှင်တွေကိုလည်း ချီးကျူးသင့်ကြောင်းလည်း ဝေါလေ့စ်က ဆိုပါတယ်။ LuduNwayOoမေ 11, 2023
နိုင်ငံတကာ ရှေ့တန်းရောက် ရုရှားစစ်သားတွေ ထွက်ပြေးကုန်တယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲ အတည်ပြု မေလ ၉ ရက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကြီးကို ဂုဏ်ယူစွာနဲ့ ဦးစီးနေတဲ့ အချိန်မှာ ပရီဂေါ့ဇင်က ရှေ့တန်းရောက် ရုရှားတပ်ဖွဲ့ဝင် အများအပြားဟာ သူတို့တာဝန်ကျတဲ့ နေရာတွေကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြတယ်လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoမေ 10, 2023
နိုင်ငံတကာ ဝန်ကြီးချုပ်ဟောင်း ခန်း ဖမ်းဆီးခံရတဲ့နောက် ပါကစ္စတန်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ် ခန်းဟာ ရာထူးက ဖယ်ရှားခံရပြီးတဲ့နောက် စွဲချက်တွေ ဒါဇင်နဲ့ချီ ရင်ဆိုင်နေရဆဲဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကနေ တားမြစ်ခံရမယ့် အနေအထားမျိုး ရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ LuduNwayOoမေ 10, 2023
နိုင်ငံတကာ ကြိုတင်မဲနေ့က အမှားအယွင်းတွေ ရွေးကောက်ပွဲနေ့မှာ မဖြစ်စေရဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အာမခံ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ ကြိုတင်မဲပေးဖို့ ဆန္ဒပြုထားသူတွေထဲက ၉၁.၈၃ ရာခိုင်နှုန်းထိ မဲရုံတွေဆီ ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ချိပ်ပိတ် သိမ်းဆည်းပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးဆီ မေလ ၁၂ ရက်မှာ ပို့ဆောင်သွားမှာပါ။ LuduNwayOoမေ 9, 2023
နိုင်ငံတကာ ဂါဇာက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးကြေညာ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အစ္စလာစ်မစ် ဂျီဟတ် စစ်သွေးကြွ ဦးစီးအရာရှိ ၃ ဦးကိုတော့ သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ LuduNwayOoမေ 9, 2023
နိုင်ငံတကာ ဂျပန်တပ်တွေကြောင့် ကိုလိုနီခေတ် ကိုရီးယား ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့အတွက် နာကျင်ခံစားမိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာခြင်းကလည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးကောင်းတွေ ပြန်လည် တည်ဆောက်ဖို့ အဓိက တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ LuduNwayOoမေ 8, 2023
နိုင်ငံတကာ မြန်မာ့ အကျပ်အတည်းကို အဓိက ဆွေးနွေးမယ့် အာဆီယံ ထိပ်သီး ညီလာခံ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာ ခံထားရပါတယ်။ LuduNwayOoမေ 8, 2023
နိုင်ငံတကာ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ် မယ်လီတိုပိုရဲ့ ယူကရိန်း မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်က အရေးပေါ် ညွှန်ကြားချက်ကြောင့် အနီးတဝိုက်က ဒေသခံတွေရဲ့ ကားတွေ ထောင်နဲ့ချီ စုဝေး ထွက်ခွာကုန်ကြပြီး ကားတန်းကြီးက ၅ နာရီလောက် ကြာအောင် ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။ LuduNwayOoမေ 7, 2023