Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်ထပ် သမ္မတ သက်တမ်းအတွက် ပူတင် ကျမ်းသစ္စာကျိန်ဆို

ဗလာဒီမာ ပူတင်ဟာ ပဉ္စမမြောက် ရုရှားသမ္မတ သက်တမ်းကို ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ နောက်ထပ် ၆ နှစ်ကြာအောင် ရုရှားသမ္မတအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

နောက်ထပ် သမ္မတ သက်တမ်းအတွက် ပူတင် ကျမ်းသစ္စာကျိန်ဆို
နောက်ထပ် သမ္မတ သက်တမ်းအတွက် ပူတင် ကျမ်းသစ္စာကျိန်ဆို

မေလ ၇ ရက်နေ့တုန်းက ကရင်မလင် နန်းတော်မှာ ပူတင်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ အများအပြားကတော့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲကို ဆန္ဒပြတဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ မစေလွှတ်ခဲ့ပါဘူး။

ပူတင်ဟာ ခေတ်သစ် ရုရှား ဇာဘုရင်လို့ ခိုင်းနှိုင်းခံနေရပြီး သူ့ရဲ့ အာဏာသက်တမ်းကို ချဲ့ထွင်နိုင်ဖို့အတွက် ရုရှားရဲ့ ဖွဲ့စည်းပုံ ဥပဒေကိုပါ စိတ်ကြိုက် ပြင်ဆင်စေခဲ့ပါတယ်။ သူဟာ ရုရှားကို သမ္မတ၊ ဝန်ကြီးချုပ် ရာထူးတွေနဲ့ အုပ်စိုးခဲ့တဲ့ သက်တမ်းဟာ ဆယ်စုနှစ် နှစ်ခုဆီ ချဉ်းနင်း ဝင်ရောက်လာခဲ့ပါပြီ။

မတ်လတုန်းက ရွေးကောက်ပွဲမှာလည်း အဖိနှိပ်ခံ အဓိက အတိုက်အခံတွေ မပါဝင်ခဲ့ဘဲ ပူတင်က ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ အဲဒီ သောင်ပြိုကမ်းပြို အနိုင်ရမှု ရလဒ်ကပဲ ရုရှားဟာ သူ့ရဲ့ ဦးဆောင်မှုနောက်မှာ စည်းစည်းလုံးလုံး ရပ်တည်ရင်း လမ်းကြောင်းမှန် ရှေ့ဆက်နေတယ်ဆိုတာ မြင်သာစေခဲ့ကြောင်း ပူတင်က ကျမ်းကျိန်ပွဲ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ရုရှားပြည်သူ တစ်ရပ်လုံးကို အသိပေးလိုတာဟာ သူတို့ဟာ နိုင်ငံရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ထားကြောင်း၊ ကြီးမားပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မျက်မှောက် ကာလမျိုးမှာ အဲဒီ အရှိတရားက ပိုအရေးပါလာကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ ယူကရိန်း စစ်ပွဲကို အစပြုခဲ့တဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တာ၊ တစ်ဦးတည်း အာဏာရှင်ဆန်ဆန် ရပ်တည်နေတာမျိုးတွေ ရှိနေပေမယ့်လည်း ရုရှားမှာတော့ ဩဇာအကြီးမားဆုံး နိုင်ငံရေးသမားအဖြစ် ဆက်လက် ရပ်တည်နေဆဲပါ။ ဖေဖော်ဝါရီလတုန်းကလည်း သူ့ရဲ့ အဓိက ပြိုင်ဘက်လို့ ဆိုရမယ့် အတိုက်အခံခေါင်းဆောင် အလက်ဆီ နက်ဗယ်လ်ညီဟာ အာတိတ်ဒေသက အလုပ်ကြမ်း အကျဉ်းစခန်း တစ်ခုမှာ ရှိနေတဲ့အချိန် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

နက်ဗယ်လ်ညီရဲ့ ဇနီးဖြစ်သူ ယူလီယာ နက်ဗယ်လ်နာယာကတော့ ပူတင် ကျမ်းကျိန်တဲ့နေ့မှာ မိန့်ခွန်းဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပြီး ရုရှား ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ပူတင်ရဲ့ ကြမ်းတမ်း ဆိုးယုတ်တဲ့ လုပ်ရပ်တွေအပေါ် အလျှော့မပေးစတမ်း ဆက်လက် တိုက်ပွဲဝင် တွန်းလှန်သွားကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

Facebook