Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီး နေရာကို အပြောင်းအလဲလုပ်မယ့် ပူတင်

ရွှိုင်ဂူရဲ့ နေရာကို ဆက်ခံမယ့် ဘီလူဆော့ဗ် ဆိုတာကလည်း စစ်အတွေ့အကြုံ အနည်းအကျဉ်းလောက်သာ ရှိနေတဲ့ စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်နေတာကြောင့် အခုလို ရွေးချယ်မှုကလည်း စောင့်ကြည့်သူ အများစုအတွက် အံ့ဩစရာ ဖြစ်စေခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး နေရာကို အပြောင်းအလဲလုပ်မယ့် ပူတင်
ကာကွယ်ရေး ဝန်ကြီး နေရာကို အပြောင်းအလဲလုပ်မယ့် ပူတင်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ သူ့ရဲ့ ကာလရှည် သစ္စာတော်ခံ တစ်ဦးဖြစ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူကို ရာထူးက ဖယ်ရှားပြီး တခြားနေရာ ရွှေ့ပြောင်းသွားမှာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ် ရွှိုင်ဂူရဲ့ ကာကွယ်ရေး ဝန်ကြီးနေရာမှာ လူသစ် အစားထိုး ခန့်အပ်သွားမယ်လို့ ကရင်မလင် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါဟာ ပူတင်ရဲ့ ပဉ္စမမြောက် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖွဲ့စည်းမယ့် အစိုးရမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

ရွှိုင်ဂူဟာ ရုရှား လုံခြုံရေး ကောင်စီရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရမှာ ဖြစ်တာကြောင့် အစိုးရ အတွင်းစည်းထဲမှာတော့ ဆက်ရှိနေမယ့် သဘောပါ။ ရုရှား အထက်လွှတ်တော်က ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအရ ရွှိုင်ဂူအစား လက်ရှိ ဒုတိယ ဝန်ကြီးချုပ် အန်ဒရီ ဘီလူဆော့ဗ်က ကာကွယ်ရေး ဝန်ကြီးနေရာကို ရယူသွားမယ်လို့ သိရပါတယ်။

၂၀၁၂ ကတည်းက ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ရွှိုင်ဂူဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဦးဆောင်ခဲ့သူ တစ်ဦးပါ။ ရုရှား သတင်းစာတွေရဲ့ အဆိုအရ ပူတင်ကိုယ်တိုင် ရွှိုင်ဂူကို လက်ရှိ နစ်ကိုလိုင် ပက်ထရူရှက်ဗ် တာဝန်ယူထားတဲ့ လုံခြုံရေးကောင်စီ အကြီးအကဲနေရာ ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တာလို့ သိရပါတယ်။ ပက်ထရူရှက်ဗ်ရဲ့ အနာဂတ်ကတော့ ဘယ်လိုဖြစ်လာမလဲ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပူတင်နဲ့ ရွှိုင်ဂူတို့ဟာ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပြီး ဆိုက်ဘေးရီးယားမှာ နှစ်ယောက်အတူ မကြာခဏ အပျော်တမ်း ငါးထွက်မျှားလေ့ ရှိကြပါတယ်။ အရပ်ဖက် အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့တဲ့ ရွှိုင်ဂူဟာ စစ်မှုထမ်း အတွေ့အကြုံ မရှိပေမယ့် ရုရှားရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ကျော်ဖြတ်ပြီး ကာကွယ်ရေး ဝန်ကြီးနေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ အစောပိုင်းကာလ ရုရှားတပ်တွေ အပြုန်းအတီး များခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရွှိုင်ဂူအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက ရုရှားရဲ့ Wagner ကြေးစားတပ်ဖွဲ့ အကြီးအကဲ ယက်ဗ်ဂျနီ ပရီဂေါ့ရှင်းက ရွှိုင်ဂူရဲ့ စီမံကွပ်ကဲမှုတွေကို မကျေနပ်လို့ဆိုပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ ပုန်ကန်မှုကြီးကို အစပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို တစ်ရက်အတွင်း ပြေလည်အောင် ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ပါတယ်။

ရွှိုင်ဂူရဲ့ နေရာကို ဆက်ခံမယ့် ဘီလူဆော့ဗ် ဆိုတာကလည်း စစ်အတွေ့အကြုံ အနည်းအကျဉ်းလောက်သာ ရှိနေတဲ့ စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်နေတာကြောင့် အခုလို ရွေးချယ်မှုကလည်း စောင့်ကြည့်သူ အများစုအတွက် အံ့ဩစရာ ဖြစ်စေခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။